ကနီတွင် ဆင်ဦးစီးမိသားစုများ ဝမ်းရေးခက်ခဲလာသဖြင့် ဆင်များကို စွန့်လွတ်ရမည့်အခြေအနေဖြစ်နေ

ကနီတွင် ဆင်ဦးစီးမိသားစုများ ဝမ်းရေးခက်ခဲလာသဖြင့် ဆင်များကို စွန့်လွတ်ရမည့်အခြေအနေဖြစ်နေ
ဝမ်းရေးခက်ခဲလာသဖြင့် စွန့်လွတ်ရတော့မယ့် ကနီမြို့နယ်မှ ဆင်များ
ဝမ်းရေးခက်ခဲလာသဖြင့် စွန့်လွတ်ရတော့မယ့် ကနီမြို့နယ်မှ ဆင်များ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဆင်များကို ပြုစုစောင့်ရှောက်နေသော ဆင်ဦးစီးမိသားစုများသည် စား ဝတ်နေရေး ခက်ခဲလာသောကြောင့် ဆင်များကိုစွန့်လွှတ်ကာ နေရပ်ပြန်ရမည့်အခြေနေဖြင့် ကြုံတွေ့နေရသည် ဟု တာဝန်ရှိသူများက ပြောသည်။

ဆင်ဦးစီးများသည် CDM လုပ်ထားသူများဖြစ်ပြီး ဆင်များကို စေတနာ့ဝန်ထမ်းအနေဖြင့် စောင့်ရှောက်လာသည် မှာ ၂ နှစ်ခန့်ရှိလာပြီ ဖြစ်သည်ဟု ကျောက်လုံးကြီး တပ်မဟာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ကျောက်လုံးကြီး တပ်မဟာအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက “ဆင်ထိန်းတဲ့သူတွေအတွက် စားဖို့သောက်ဖို့ တော် တော်လေးခက်ခဲလာကြတယ်။ ဆင်ဦးစီးပြောတာက သူတို့က ဆင်တွေကို စေတနာ့ဝန်ထမ်းလိုမျိုးပဲ စောင့် ရှောက်ပေးလာတာ အာဏာသိမ်းပြီးတည်းကပဲ။ တချို့ ဆင်ဦးစီးတွေဆို ဆင်တွေကို တောထဲဒီတိုင်းထားပြီး ပြန်ချင်နေကြပြီ။ သူတို့ရပ်တည်ဖို့အတွက်ဆို စားဖို့နဲ့ဆင်တွက် ကျန်း မာရေးအတွက် ထောက်ပံ့မူတွေ လိုအပ် နေတယ်လို့ သိရတယ်” ဟု ပြောသည်။

ဆင်ထိန်းကျောင်းသူ လူဦးရေ တစ်ရာကျော်ရှိပြီး ဆင် ၃၆ ကောင်ကို ပြုစုစောင့်ရှောက်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင်လည်း ဆေးဝါးကုသရန် မရှိသောကြောင့် ဆင်ကြီးတစ်ကောင် သေဆုံးခဲ့ရသည်။

ထို့ကြောင့် ဆင်ထိန်း ကျောင်းသူများအတွက် စားနပ်ရိက္ခာနှင့် ဆင်များအတွက် ကျန်းမာရေးထောက်ပံ့မှုများ ရရှိ ပါက စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ကူညီထောက်ပံ့ပေးနိုင်မည့် အလှူရှင်များမရှိပါက ဆင်များကို တောထဲတွင် စွန့်လွှတ်ခဲ့ကာ ဆင်ထိန်းများအားလုံး နေရပ်ပြန်ရမည့် အခြေအနေတွင် ရှိနေသည်။

ဆင်များသည် ကနီနယ်နှင့် ယင်းမာပင်နယ်အတွင်းက အလောင်းတော် ကဿဖ သစ်တောကြိုးဝိုင်း နယ်မြေတွင် ကျက်စားကြခြင်း ဖြစ်ပြီး ယခင်က ကနီမြို့နယ် သစ်တောဦးစီးဌာန၏ သစ်ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် ဆင်များဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် အဆိုပါဆင်များနှင့် ဆင်ဦးစီးများအတွက် တစ်စုံတစ်ရာ ကူညီလှူဒါန်းလိုပါက ကျောက်လုံးကြီး KLG တပ်မဟာ ဖေ့စ်ဘုတ်ပေ့ချပ်မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရပါသည်။

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...