ကျုံဒိုး၊ ကမ်းနီးကျေးရွာအနီးတွင် လက်နက်ကြီးကျည်ထိပြီး ဒေသခံ ၁ ဦး သေဆုံး

ကျုံဒိုး၊ ကမ်းနီးကျေးရွာအနီးတွင် လက်နက်ကြီးကျည်ထိပြီး ဒေသခံ ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီးကျေးရွာအနီးတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည်ထိမှန်ပြီး သရက်တောကျေးရွာခံ ၁ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ် တပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့က ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခဲ့ပြီးနောက် စစ် ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကမ်းနီးကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘေးတွဲဆိုင်ကယ်စီးနင်းလာသည့် သရက်တောကျေးရွာမှ နိုင်ပုဆိုသူ လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဖြစ်စဥ်ကတော့ ဒီမနက်မှာ PDF တွေက ကျုံဒိုးမြို့အနီးကိုကပ်ပြီးတော့ (စစ်ကောင်စီတပ် စခန်း) ဒရုန်းနဲ့ ပစ်ချ တာ။ ဟိုကလည်း လက်နက်ကြီးနဲ့ ပြန်လှမ်းပစ်တယ်။ ပစ်တော့ ကမ်းနီးအနီးမှာ ကျကွဲ သွားတယ်။ အဲလူက သရက်တောကနေ ဘေးတွဲနဲ့ ထွက်လာတဲ့အချိန်မှာ ထိသွားတယ်။ ခြေထောက်ပြတ် သွား တယ်။ ခေါင်းမှားလည်း ထိပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဘာမှဖြစ်ဘူး” ဟု ပြောသည်။

မေလ ၂၈ ရက်နေ့ကလည်း ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၆ တပ်ရင်းမှ ၁၂၀ မမ နှင့် ၁၀၅ မမ လက်နက်ကြီး များဖြင့် ကော့ကာကျေးရွာထဲ ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကာကျေးရွာမှ အသက် ၁၅ နှစ်အရွယ် စောထိန်လင်းအောင်၊ အသက် ၂၁ နှစ်အရွယ် နော်အေးမာန်ထက်၊ အသက် ၅၇ နှစ် ဒေါ်သိန်းရွှေတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး၊ ၆ လုံး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲသည်ဟုလည်း ထုတ် ပြန်ထားသည်။

မေလအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကော့ကာကျေးရွာတွင် ဒေသခံ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...