ကျုံဒိုး၊ ကမ်းနီးကျေးရွာအနီးတွင် လက်နက်ကြီးကျည်ထိပြီး ဒေသခံ ၁ ဦး သေဆုံး

ကျုံဒိုး၊ ကမ်းနီးကျေးရွာအနီးတွင် လက်နက်ကြီးကျည်ထိပြီး ဒေသခံ ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီးကျေးရွာအနီးတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည်ထိမှန်ပြီး သရက်တောကျေးရွာခံ ၁ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ် တပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့က ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခဲ့ပြီးနောက် စစ် ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကမ်းနီးကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘေးတွဲဆိုင်ကယ်စီးနင်းလာသည့် သရက်တောကျေးရွာမှ နိုင်ပုဆိုသူ လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဖြစ်စဥ်ကတော့ ဒီမနက်မှာ PDF တွေက ကျုံဒိုးမြို့အနီးကိုကပ်ပြီးတော့ (စစ်ကောင်စီတပ် စခန်း) ဒရုန်းနဲ့ ပစ်ချ တာ။ ဟိုကလည်း လက်နက်ကြီးနဲ့ ပြန်လှမ်းပစ်တယ်။ ပစ်တော့ ကမ်းနီးအနီးမှာ ကျကွဲ သွားတယ်။ အဲလူက သရက်တောကနေ ဘေးတွဲနဲ့ ထွက်လာတဲ့အချိန်မှာ ထိသွားတယ်။ ခြေထောက်ပြတ် သွား တယ်။ ခေါင်းမှားလည်း ထိပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဘာမှဖြစ်ဘူး” ဟု ပြောသည်။

မေလ ၂၈ ရက်နေ့ကလည်း ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၆ တပ်ရင်းမှ ၁၂၀ မမ နှင့် ၁၀၅ မမ လက်နက်ကြီး များဖြင့် ကော့ကာကျေးရွာထဲ ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကာကျေးရွာမှ အသက် ၁၅ နှစ်အရွယ် စောထိန်လင်းအောင်၊ အသက် ၂၁ နှစ်အရွယ် နော်အေးမာန်ထက်၊ အသက် ၅၇ နှစ် ဒေါ်သိန်းရွှေတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး၊ ၆ လုံး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲသည်ဟုလည်း ထုတ် ပြန်ထားသည်။

မေလအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကော့ကာကျေးရွာတွင် ဒေသခံ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

Most read this week

August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...