ကျောက်ဖြူစစ်မျက်နှာတစ်ခု၌ စစ်တပ် အထိနာ၍ ဆုတ်သွားသော်လည်း အခြားစစ်မျက်နှာတွင် တိုက်ပွဲဆက် ဖြစ်

ကျောက်ဖြူစစ်မျက်နှာတစ်ခု၌ စစ်တပ် အထိနာ၍ ဆုတ်သွားသော်လည်း အခြားစစ်မျက်နှာတွင် တိုက်ပွဲဆက် ဖြစ်
စစ်အုပ်စုတပ်သား (ပုံဟောင်း)
စစ်အုပ်စုတပ်သား (ပုံဟောင်း)

ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ အဆုံးများဖြင့် စစ်တပ် စစ်ကြောင်း နောက်ဆုတ်သွားပြီ ဖြစ်သော်လည်း မင်းပြင်နှင့် သိုင်းချောင်းဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်အနီးရှိ အဝတောင်ရွာ စခန်းမှ ထိုးစစ်ဆင်လာသော အင်အား ၇၀ ပါ စစ်ကြောင်းသည် အာရက္ခတပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အဝတောင်ရွာသို့ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဩဂုတ် ၁၃ ရက်ကတည်းက အဝတောင်ရွာ စခန်းကနေ တစ်မိုင်ဝန်းကျင် အကွာမှာ ထိုးစစ်ဆင် လှုပ်ရှားနေတဲ့ စကမ စစ်ကြောင်းပါ။ အင်အား ၇၀ ဝန်းကျင်လောက် ရှိပါမယ်။ AA တပ်တော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အချို့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတဲ့အတွက် နောက်ပြန်ဆုတ်သွားပါတယ်။”

အဆိုပါ စစ်ကြောင်းသည် အထက်အမိန့်ကို မလွန်ဆန်နိုင်၍ အယောင်ပြ ထိုးစစ်ဆင်လာသော်လည်း အာရက္ခ တပ်တော်က ဖြတ်တောက် တိုက်ခိုက်ခဲ့သဖြင့် အကျအဆုံးများစွာဖြင့် နောက်ဆုတ်သွားခဲ့ရခြင်း ဖြစ်သည်။

“AA တပ်တော်ဘက်က ထိုးစစ်ဆင်တာ မဟုတ်ဘူး။ စကမက ထိုးစစ်ဆင်တာ။ အေအေက သေချာ စောင့် ကြည့်ထားပြီး ဂွင်ထဲဝင်လာတာနဲ့ အပိုင်ကိုင်တာ။ တောင်မော်ဦးဘက်မှာ စစ်တပ်က လှုပ်ရှားလို့မရဘူး။ လှုပ် ရှားရင် အကိုင်ခံရတော့ အခုလည်း နောက်ဆုတ်တဲ့အထဲ ဒဏ်ရာရ စစ်သားတွေ ပါသွားတယ်” ဟု အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ဆက် ပြောသည်။

ထိုသို့ တောင်မော်ဦး ရေတပ်စခန်းဘက်မှ စစ်ကြောင်းထိုးလာသော်လည်း အကျအဆုံး များပြားခဲ့သဖြင့် ယခု တစ်ဖန် မင်းပြင်နှင့် သိုင်းချောင်းဘက်မှ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

အခြား စစ်ရေးသတင်းရင်းမြစ်က “တောင်မော်ဦး ရေတပ်ရဲ့ အခိုင်အမာ ကာကင်းဖြစ်တဲ့ အဝတောင်ရွာ စခန်း ကနေ စနဲဘက်ကို အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့တယ်။ သူတို့ထင်ထားတဲ့အတိုင်း အောင်မြင်မှုမရတော့ ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်တယ်။ ဒါပေမဲ့ တိုက်ပွဲတိုင်း စကမဘက်က အကျ ဆုံးများတော့ နောက်ဆုတ်သွားခဲ့တယ်။ ဒီလမှာ ပြန်ပြီး တောင်မော်ဦး ရေတပ်ဘက်ကရော မင်းပြင်၊ သိုင်း ချောင်းဘက်ကရော နှစ်ဖက်ညှပ်ပြီး ထိုးစစ်ဆင်လာတယ်။ အခု တောင်မော်ဦးဘက်က စစ်ကြောင်း အထိနာ တော့ အဝတောင်စခန်းကို ပြန်ဆုတ်သွားတယ်။ မင်းပြင်နဲ့ သိုင်းချောင်းဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသေးတယ်” ဟု ပြောသည်။

ယခုကဲ့သို့ သိုင်းချောင်းနှင့် မင်းပြင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်တပ်က လေယာဉ်၊ စစ်ရေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ကျောက်ကလေ ကျေးရွာနောက်ကြောရှိ တောင်တန်းများနှင့် ကျေးရွာဝန်းကျင် ကို ပစ်ခတ်မှုများ ရှိနေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...