ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းငါးလုံး တွဲ ဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့(မုံရွာခရိုင် တပ်ရင်း-၁၃) က သတင်း ထုတ်ပြန်ထားသည်။

ဘုတလင်မြို့မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများပါဝင်သည့် အင်အား ၄၅ ဦးပါ ခြေ လျင်စစ်ကြောင်းကို ဘုတလင်မြို့နယ်၊ မြောက်တောကြီးရွာအနီးတွင် မေလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်က မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့မှ ရဲဘော်ကိုအတာက မဇ္ဈိမသို့ ပြော သည်။

“မိုင်းဆွဲတာက နှစ်နေရာပါ၊ သိပ်ပြီး အရမ်းကြီးလည်း မဝေးဘူးဗျ။ စစ်ကြောင်းမှာပါတဲ့ ရှေ့ပြေးရယ်၊ ဒုတိယ တစ်ယောက်ရယ်က နေရာမှာတင်ပဲသေတာကို မိုင်းဆွဲတဲ့ရဲဘော်တွေက မျက်မြင်တွေ့တာ၊ နောက်တစ်နေရာက ငါးဦဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ရှေ့ဆက်မသွားဘဲ သေဆုံးဒဏ်ရာ ရသူများ နှင့်အတူ  ဘုတလင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည် ပြုနိုင် ခြင်း မရှိသေးပေ။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဘုတလင်မြို့နယ်မြောက်ခြမ်းရှိကျေးရွာများသို့ မကြာခဏ စစ်ကြောင်း ထိုးလေ့ ရှိကြောင်းလည်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၁၃) (အောင်ဆန်းမျိုးဆက်)နှင့် GPGDF(LDF)အဖွဲ့တို့က ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်တပ်ဖွဲ့မှ ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ထိခိုက်မှု မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

အောင်ဆန်းမျိုးဆက်တပ်ဖွဲ့ အနေဖြင့် မိဘပြည်သူများ၏ ကူညီထောက်ပို့မှုကြောင့် တိုက်ပွဲများ ဖော်ဆောင်နိုင် ပြီး ယခုအချိန်အထိ တော်လှန်ရေးတွင်  အတူရှိနေပေးသော ပြည်သူများအား အထူးကျေးဇူး တင်ရှိကြောင်း၊ တော်လှန်ရေးကြီး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူများသို့ အသိပေးထားသည်။

ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...
July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...