မိုးဆက်တိုက်ရွာသွန်း၍ မွန်နှင့် ကရင်ပြည်ရှိ မြို့နယ် ၁၀ ခုထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွား

မိုးဆက်တိုက်ရွာသွန်း၍ မွန်နှင့် ကရင်ပြည်ရှိ မြို့နယ် ၁၀ ခုထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွား
ဓါတ်ပုံ - (ပေးပို့ / Crd)
ဓါတ်ပုံ - (ပေးပို့ / Crd)

ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ် ၁၀ ခုထက်မနည်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်း သောင်ရင်းမြစ်ရေ မြင့်တက်လာသဖြင့် အမှတ် (၁)၊ (၂)၊ (၃) နှင့် (၄) ရပ်ကွက် တို့အတွင်း ရေဝင်ရောက်ကာ အိမ်ခြေ ၁,၀၀၀ ခန့်ကို အရေးပေါ် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ရွှေ့ပြောင်း ပေးထားရသည်။

“အခုတော့ ရေက ဆက်တိုးတယ်ပြောရမယ်။ မြို့ထဲမှာပဲတော့ မဟုတ်ဘူး။ သောင်ရင်း အထက်ပိုင်းတွေမှာ လည်း ရေများနေတယ်။ မိုးကရွာတုန်းဗျ” ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

အခြား ဒေသခံတစ်ဦးကလည်း “ရေကြီးတာတင်မဟုတ်ဘူး။ အမှိုက်ဘေးပါ ကြုံနေရတယ်။ အမှိုက်တွေချည်း ပဲ” ဟု ပြောသည်။

အလားတူ ကော့ကရိတ်ချောင်းရေ မြင့်တက်လာသဖြင့် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် နန်းကော် တိုး၊ ရွာသစ်၊ ချောင်းသောင်၊ ဝင်းကြီးနှင့် အောက်ရွာစုတို့၌လည်းကောင်း၊ ဟောင်သရောမြစ်ရေ ဆက်လက် မြင့်တက်လာသဖြင့် ကမ်းအနီး ကျေးရွာများ၌လည်းကောင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ထို့ပြင် ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ လှိုင်းဘွဲ့နှင့် ဘားအံ စသည့် မြို့နယ်များတွင်လည်း မိုးရွာသွန်းမှုများ၍ တောင် ကျရေများကြောင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်ပြီး အနိမ့်ပိုင်းဒေသများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

လှိုင်းဘွဲ့သတင်းရင်းမြစ်က “ဒီဘက် အနိမ့်ဘက်တွေဖြစ်တဲ့ (ဃ) ရပ်ကွက်တို့ (ခ) ရပ်ကွက်တို့ ထုံးစံအတိုင်း စမြုပ်တာပေါ့။ ရေဝင်နေပြီဆိုတော့ ရွှေ့ချင်တဲ့သူတွေ မိသားစုတွေ ရွှေ့နေကြပြီ” ဟု ပြောသည်။

မွန်ပြည်တွင်လည်း ရေးမြို့နယ်၊ ကျောင်းရွာအုပ်စုအတွင်း ချောင်းရေ ရေကြီးရေလျှံမှုများကြောင့် ချောင်းကမ်း အနီး ဒေသများမှ ပြည်သူများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။

အလားတူ မော်လမြိုင်မြို့နယ်ရှိ မောင်ငံ၊ ကွင်းရပ်၊ လှိုင်၊ သီရီမြိုင်၊ သီရီမင်္ဂလာ၊ ဇေယျာမြိုင်နှင့် ဇေယျာသီရီ စသည့် ရပ်ကွက်များတွင်လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်ရှိ ဖောင်စိန်ရွာနှင့် အနီးတဝိုက်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်နေသည်။

ထို့ပြင် မုဒုံမြို့နယ်ရှိ နှီးပဒေါကျေးရွာ အနီးတဝိုက်တွင်လည်းကောင်း၊ ရေးနှင့် ကျိုက်မရောမြို့နယ် အနိမ့်ပိုင်း ဒေသများတွင်လည်းကောင်း ကားလမ်းများပေါ်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မွန်နှင့် ကရင် အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတွင် ဩဂုတ်လ ၂၂ ရက်နေ့အထိ မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိနေသေးသည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...