စာသင်ကျောင်းအနီး ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းအား ပိတ်သိမ်းစေလို

စာသင်ကျောင်းအနီး ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းအား ပိတ်သိမ်းစေလို

ကျောင်းဖွင့်ကာလ ရောက်ပြီဖြစ်တာကြောင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်က စာသင် ကျောင်းရှေမှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို ပိတ်သိမ်းစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာစီနို၊ ငါးမန်းဂိမ်းနဲ့ ဖိုက်ကျူးတွေပါဝင်တဲ့ လောင်းကစားဝိုင်းကို ဖိုးချစ်ကုန်းရပ်ကွက် မူလတန်းစာသင် ကျောင်းရှေ့မှာ ဖွင့်လှစ်ထားပြီး လူအဝင်အထွက် များနေတာကြောင့် ကလေးတွေအတွက် စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ရန်တွေဘာတွေ သူတို့အဲဒီမှာ ဖြစ်တာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာနိုင်တယ်။ ကလေးတွေအနေနဲ့ တစ်ခုခုဖြစ်ခဲ့ သည် ရှိသော် ထိခိုက်မှာစိုးရိမ်ရတာပေါ့။ သူတို့ရဲ့စိတ်ထဲမှာလည်း မကောင်းမှုဒုစရိုက်တွေ စွဲသွားမှာတော့ စိုးရိမ် တာပေါ့” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီလောင်းကစားဝိုင်းမှာ တစ်နေ့ကို လူအယောက်  ၅၀ ဝန်းကျင် လာလေ့ရှိပြီး ညပိုင်းဆိုရင် လူပိုများတာ ကြောင့် ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားလာမှာလည်း စိုးရိမ်ရတယ်လိုလည်း ဒေသခံက ဆက်လက်ပြောပါတယ်။

“ဖျက်သိမ်းတာတော့ ဖျက်သိမ်းစေချင်တာပေါ့။ မရှိရင်ကောင်းလေပဲပေါ့။ ဒီလိုရှိနေတဲ့ အခါကျတော့ ပြည်သူ တွေအနေနဲ့ ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားလာမှာစိုးရိမ်တာပေါ့” လို့ ဒေသခံက ဆိုပါတယ်။

အဲ့ဒီ လောင်းကစားဝိုင်းကို ပင်းဘောဘက်ကနေ ဖိုးချစ်ကုန်းရပ်ကွက်ဘက် ပြောင်းလဲ ဖွင့်လှစ်လာတာဖြစ်ပြီး ဖွင့်လှစ်ထားနိုင်ဖို့ ရဲဘက်ကို သိန်းငါးဆယ်ပေးထားတယ်လို့ ကြားသိရပေမဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိအချိန် မိုးကောင်းမြို့အတွင်းမှာ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ အရင်ကထက် များပြား လာပြီး လူငယ်ပျက်စီးတာတွေ များလာတယ်လို့ နောက်ထပ် မိုးကောင်း ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့မှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင်ဖွင့်လှစ်လာ ကြပြီး လက်ရှိ လောင်းကစားရုံ ၃ ရုံလောက်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...