ဖားကန့်တွင် အိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ကျောက်စိမ်းနှင့်ငွေသား သိန်းတစ်သောင်းကျော်ပါသွား

ဖားကန့်တွင် အိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ကျောက်စိမ်းနှင့်ငွေသား သိန်းတစ်သောင်းကျော်ပါသွား

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် အိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ငွေသားနှင့် ကျောက်စိမ်းတုံးများပါသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၈ ရက်နေ့၊ ည ၉ နာရီအခွဲအချိန်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သည့် တရုတ်လူမျိုး၏ နေအိမ်ကို လူငယ်ခြောက်ဦးက အိမ်စီးကား ၂ ဦးဖြင့်ရောက်လာကြပြီး နေအိမ်အတွင်းမှ ကျောက်စိမ်းတုံးများနှင့် ငွေသားသိန်းတစ်သောင်းခွဲခန့် ဓါးပြတိုက် လုယူသွားကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ဟုတ်တယ် ညက ဓားပြတိုက်ခံလိုက်ရတာ တရုတ်သူဌေးအိမ်ကိုဓားပြတိုက်သွားတာပါ။  ပါတာတော့ ငွေသား ကော ကျောက်ကောပါသွားတယ်တဲ့” ဟုပြောသည်။

ဒေသခံမျက်မြင်သက်သေများ၏ ပြောဆိုချက်အရ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်ခဲ့သည့် လူငယ် ၆ ဦး သည် အသက် ၂၀ ကျော်နှင့် ၃၀ ကြားရှိသော လူငယ်များသာ ဖြစ်သည်ဟု သိရသည်။

အခြားဒေသခံအမျိုးသားတစ်ဦးက “လာတာက အိမ်စီးကား ၂စီးနဲ့လာတာ လူငယ်လေးတွေပဲ ပြောနေကြတာ ကတော့ အဲ့သူဌေးရဲ့ အိမ်မှာ ပုံမှန်အဝင်အထွက်ရှိတဲ့ သူတွေဖြစ်နိုင်ပဲလို့ပြောတယ်။ ပိုက်ဆံတွေ ကျောက်တွေ အများကြီးရှိနေတဲ့ အချိန်ကောင်းကို စောင့်ပြီးတော့ကို ဝင်တိုက်တဲ့ပုံစံမျိုးပဲ။ အဲ့သူဌေးအိမ်မှာက ကျောက်ပွဲ စားတွေလည်း ပုံမှန်အဝင်အထွက်များတယ်လေ” ဟု ပြောသည်။

အဆိုပါ ဓါးပြတိုက်ကျူးလွန်သည့် လူငယ် ၆ ဦးသည် တုတ်၊ ဓါးနှင့် သေနတ်များပါ ကိုင်ဆောင်ပြီး ဓါးပြတိုက် လုယူသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင်လည်း ကုန်စုံဆိုင်ဖွင့်ထားသည့် အသက် ၄၉ နှစ်အရွယ် ဒေါ်နန်းစိုး ခေါ်သူ သူ၏ နေအိမ်အတွင်း ဓါးခုတ်လုယက်ခံခဲ့ရပြီး မေလ ၁၃ ရက်နေ့တွင်လည်း အောင်ရာကျေးရွာတွင် အသက် ၄၀ နှစ် အရွယ် ဦးကြိုင်ဆိုသူ လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သည်။

ဖားကန့်ဒေသတွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း လူနေအိမ်များ ဓားပြတိုက်ခံရမှု၊ လမ်းသွားလမ်းလာ ပြည် သူများသတ်ဖြတ်ခံရမှုနှင့် လုယက်ခံရမှု ပြည်သူလူထုများကြား မကြာခဏ ဖြစ်ပွားနေပြီး ယခု ၂၀၂၃ ခုနှစ်တွင် ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...