စစ်ကိုင်းရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်

စစ်ကိုင်းရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်

စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ်လို အပ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မေလ ၁၉ ရက်နေ့မှ စတင်ကာ စစ်ကိုင်းတိုင်း ပဒူကျေးရွာအနီးတွင် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ တပ် ဖွဲ့များနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ဒေသခံတစ်သောင်းခန့်သည် ဘေး လွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီဘက်ကတော့ ပဒူကျေးရွာမှာ ယာယီတပ်စွဲထားတုန်းပဲ ၂၀၀ လောက်ရှိမယ်။ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ထွက်ပြေးနေကြရတာ။ စစ်ကောင်စီဘက်က လေကြောင်းသုံး ပြီး ရမ်းပစ်တာတွေလည်းရှိတော့ သူတို့ပိုကြောက်လန့်နေကြတာပေါ့ အခက်ခဲဆုံးကတော့ စားနပ်ရိက္ခာပေါ့ ပြီး တော့ တောထဲမှာဆိုတော့ သောက်သုံးရေ ခက်ခဲတယ်” ဟု ဆိုသည်။

လက်ရှိ တိမ်းရှောင်နေကြရသော ကျေးရွာများမှာ ပဒူ၊ ကံကြီးကုန်း၊ တောင်ရင်းတောင်ရွာ၊ တောင်ရင်းမြောက် ရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ထို့အပြင် မေလ ၂၂ ရက်နေ့ နှစ်ဖက်တိုက်ပွဲနှင့်အတူ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် ပဒူကျေးရွာ နေအိမ် ၅၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ပြောသည်။

စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက “ခု ရွာထဲက နေအိမ်အများပိုင်းလည်း မီးရှို့ခံလိုက်ရပြီး ဒေသခံတွေ နေ ရပ်ပြန်ဖို့က တော်ရုံနဲ့ ပြန်လို့ရနိုင်မယ့် အခြေအနေမရှိဘူး။ အဲ့တော့ ရေရှည်မှာ ပိုခက်ခဲလာနိုင်တယ်။ အဲ့ ကြောင့် စားသောက်ကုန်တွေကိုတော့ အဓိကလှူစေချင်တယ်” ဟု ပြောသည်။

ပဒူကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မေလ ၁၉ ရက်နေ့မှ ၂၃ ရက် နေ့ထိ ၄ ရက်တာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြားသလို ကာကွယ်ရေးတပ် ဘက်မှလည်း တစ်ဦးကျဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဘက်က ဆိုသည်။

ပဒူကျေးရွာသည် စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၁၇၀၀ ကျော်ရှိ သည့် ကျေးရွာကြီးတစ်ခု ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးသည့်နောက် မေလ ၈ ရက်နေ့အထိ ၂ နှစ်တာကာလအတွင်း  လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်တွင်း စစ်ဘေးရှောင်ဦးရေ ၂ သန်းခွဲ ဝန်း ကျင်ရှိလာပြီ ဖြစ်ကြောင်း ISP Myanmar က မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...