ဗန်းမောက် ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြား

ဗန်းမောက် ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြား
ဗန်းမောက်လမ်းမကြီး တစ်နေရာ
ဗန်းမောက်လမ်းမကြီး တစ်နေရာ

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မ တော် KIA ပူးပေါင်းတပ် တို့ ကြား ၄ ရက်တာ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။

မေလ ၁၈ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလာသည့် အတွက် မေလ ၂၀ ရက်နေ့မှ စတင်ကာ ယနေ့အထိ သုံးရက်ဆက်တိုက် နေ့စဥ် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက် ခိုက်နေသည်ဟု Banmauk Revolution BR တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ကြောင်လည်ဒေသတစ်ဝိုက်မှာ တိုက်ပွဲကဖြစ်နေတာ ၁၈ ရက်နေ့တည်းကပဲ ဖြစ်လိုက်နားလိုက်ပဲ နယ်မြေလု တဲ့ တိုက်ပွဲလို့ ပြောလို့ရပါတယ်။ ဝေဟင်သုံးတာက ၂၀ ရက်နေ့ကစကြဲတာ ဒီနေ့အထိကြဲတယ်။ ထိခိုက်မူတော့ အခု ထိ မသိရသေးဘူး ဒီ ၅ ရက်အတွင်း သူတို့ဘက်က မျက်မြင်အရတော့ ၆ ဦးကျတယ် ဝေဟင်သုံးတာ ဆို တော့ အဲ့ထက်ကို ပိုများနိုင်ပါတယ်။ ကျနော်တို့ဘက်ကတော့ တစ်ယောက်ပေးလိုက်ရတယ်” ဟု ပြောသည်။

တိုက်ပွဲသည် ကြောင်လည်ဒေသတစ်ဝှိုက်ရှိ မံလူဒေသ၊ စိပ်ပါထွန်ကျေးရွာ၊ ပင်းခါးလမ်းဆုံကျေးရွာ အနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည် ဟု သူက ဆက်ဆိုသည်။

မြေပြင်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဘက်က လေယာဉ်ပစ်ကူခေါ်ခြင်း၊ လူသားဒိုင်းများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြရန် Banmauk Revolution-BR အဖွဲ့ကသတိပေးထုတ်ပြန်ထားသည်။

“တပ်စွဲနေထိုင်တဲ့ အနီးတစ်ဝိုက်ကို အပြတ်တိုက်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေကို တိမ်းရှောင်ပေးဖို့ သတိ ပေးထားပြီးသား မဟုတ်ရင် သူတို့က ကာဗာယူနိုင်လာတယ်” ဟု ပြောသည်။

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ ပူးပေါင်းတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များ အကြား မကြာခဏတိုက်ပွဲပြင်းထန်လေ့ရှိခြင်းကြောင့် ကြောင်လည်၊ နားပင်၊ မံလူ၊ ပါထွန်နှင့် ကံကြီးကုန်း စသည့် ကျေး ရွာများမှ ဒေသခံများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...