ဗန်းမော်တွင် PDF တစ်ဦး စစ်တပ်အောက်ရောက် သွားပြီးနောက် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေ

ဗန်းမော်တွင် PDF တစ်ဦး စစ်တပ်အောက်ရောက် သွားပြီးနောက် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြေနုရပ်ကွက်တွင် နေထိုင်သည့် PDF လူငယ်တစ်ဦးသည် စစ်ကောင်စီ လက် အောက်သို့ ရောက်ရှိသွားပြီးနောက် စစ်ကောင်စီတပ်သည် ဗန်းမော်မြို့အတွင်း PDF နှင့် နီးစပ်သူများကို လိုက်လံ ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၉ ရက်နေ့ ရက်စွဲဖြင့် PDF များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နှင့် လက်နက်များ ယူဆောင်လာပါက ထိုက်သင့်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဆိုသည့် ထုတ်ပြန် ချက် ထွက်လာပြီးသည့် နောက်တွင် ဗန်းမော်မြို့ မြေနုရပ်ကွက်ရှိ PDF တစ်ဦးသည် စစ်ကောင်စီလက်အောက်သို့ ဝင်သွားကြောင်း ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ PDF တပ်ဖွဲ့ဝင်အား ၎င်း၏ မိဘများက စစ်ကောင်စီထံ သွားအပ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗန်းမော်ဒေသခံတစ်ဦးက “အဲ့ဒါကလေးက PDF စစ်သင်တန်းဆင်းထားတဲ့ မြေနုကလူတွေပြောတာကတော့ မိဘတွေ ကိုယ်တိုင် သွားအပ်တာလို့ ပြောကြတယ် အစကတည်းက မိဘတွေက အစိမ်းဘက်ကတဲ့” ဟု ပြော သည်။

စစ်ကောင်စီ လက်အောက်သို့ ဝင်ရာက်သွားသည့် PDF လူငယ်သည် KPDF စစ်သင်တန်းအပတ်စဉ် ၂  ဆင်းထား သူ ဖြစ်ပြီး အမည်နာမအသေးစိတ်ကို မသိရသေးပေ။

ထို PDF လူငယ်သည် စစ်ကောင်စီတပ်လက်အောက်သို့ ဝင်သွားပြီးနောက် စစ်ကောင်စီတပ်သည် သိမ်တော်ကြီး နောက်တွင် နေထိုင်သည့် အသက် ၂၀ ဝန်းကျင် ကိုသက်နိုင်ထွန်းဆိုသည့် လူငယ်တစ်ဦးအား PDF များနှင့် ပတ် သက်ဆက်နွယ်မှုရှိသည်ဟု ဆိုကာ မေလ ၁၆ ရက်နေ့က နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံ များက ဆိုသည်။

ထို့အပြင် ဗန်းမော်မြို့အတွင်း PDF များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ဆိုသူများကိုလည်း လိုက်လံ ဖမ်းဆီး နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဲစစ်ကောင်စီထဲ ဝင်သွားတဲ့ ကလေးကလည်း အိမ်မရောက်သေးဘူးတဲ့ အထဲမှာဘဲ သူတို့ ထိန်းသိမ်းထား တုန်းထင်တယ်။ ပြီးတော့အဲတစ်ယောက်က ဖော်လိုက်လို့လားမသိဘူး။ အခုမြို့ထဲ စစ်ဆေးဖမ်း ဆီးတာတွေ ပြန်လုပ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၉ ရက်နေ့က ၎င်းတို့၏ ဝါဒဖြန့် တပ်ပိုင်ရုပ်သံနှင့် သတင်းစာများထဲတွင် PDF အဖွဲ့ ထဲ ရောက်နေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့ ထုတ်ပြန်လိုက်သည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့၊ ဖားကန့်မြို့၊ ဗန်းမော်မြို့၊ ကားမိုင်းမြို့ အစရှိသည့် လူစည်ကားသည့် နေရာများတွင် အဆိုပါ ထုတ်ပြန်ချက်များအား လက်ကမ်းစာစောင်များ၊ ဗီနိုင်းများထုတ်ကာ လိုက်ကပ်ခဲ့ကြသည်။

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...