ဘောလခဲမြို့နယ် စောလုံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး လူထိခိုက်မှုရှိ

ဘောလခဲမြို့နယ် စောလုံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး လူထိခိုက်မှုရှိ
ဘောလခဲ PDF
ဘောလခဲ PDF

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာကို ဒီကနေ့ မေလ ၁၇ ရက်နေ့ မနက်စော ၄ နာရီ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲခံရမှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ရပြီး၊ သက်ကြီးပိုင်း အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာဆေးပေးခန်း အဆောက်အအုံ ၂ လုံး၊ လူနေအိမ် ၆လုံး ပျက်စီးခဲ့ရတယ်လို့ ဘောလခဲ PDF  က မေလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဘုန်ကြီးကျောင်းနဲ့ သောက်သုံးရေကန်လည်း ပျက်စီးခဲ့ပြီး တိရိစ္ဆာန်တချို့လည်း သေဆုံးခဲ့ရပါတယ်။

ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျရောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အသက် (၄၀)အရွယ် အမျိုးသမီး တစ်ဦးက “လက်နက်ကြီးကြောက်လို့ ဘုန်းကြီးကျောင်း သွားနေပါတယ်ဆို။ ဘုန်းကြီးမှာလည်း တည့်တည့် လာကျတော့ ဘယ်သူမှ မနေရဲတောဘူး။ ဘာပဲ ဖြစ်ချင် ဖြစ် ဆိုပြီးတော့ ထွက်လာကြတာ” လို့ မေလ ၁၂ ရက်နေ့က ကန္တာရဝတီတိုင်း(မ်) ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးမှာ ဂျက် လေယာဉ်တစ်စီးနဲ့ ၅ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရတဲ့အပြင် ဒေသခံ ၃ ဦးသေဆုံးသွားခဲ့ရပါတယ်။

မေလအစောပိုင်းကစ ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲရာနေရာ တချို့ကို ဘောလခဲ PDF  ပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

အလားတူ မေလ အစောပိုင်းမှာပဲ ဘောလခဲ (၁၂) မိုင်ကုန်း၊ ဝမ်မလန်းကျေးရွာဖက်ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF၊ ဘောလခဲ PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဖက်က အနည်းဆုံး ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဘောလခဲမြို့နယ် အတွင်းကို စစ်ကောင်စီတပ်ကနေ လေကြောင်းမှ ဗုံးကြဲမှု ၃ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး လူထုတွေ အနေနဲ့ လေကြောင်းရန်ကာကွယ်ဖို့ ပြင်ဆင်ဖို့လိုအပ်တယ်လို့ ဘောလခဲ PDF  က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲမှုတွေမှာ စစ်ကောင်စီတပ်က လေကြောင်း အသုံးပြု တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာလည်း  ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်း ထန်နေပြီး လေကြောင်းသုံး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...