မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုင်ကုန်ကျေးရွာမှ လူနေအိမ်များ ထိခိုက်ပျက်စီး

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုင်ကုန်ကျေးရွာမှ လူနေအိမ်များ ထိခိုက်ပျက်စီး

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်ကုန်ကျေးရွာတွင် မေလ ၁၅ ရက်နေ့က မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

မိုင်ကုန်ဒေသခံတစ်ဦးက “မနေ့ညပိုင်း ၈:၄၅ မှာ လေတိုက်လာတယ်။ အရင်တုန်းနေကလည်း တိုက်နေကျဆို တော့ ဒီအတိုင်း အိပ်လိုက်တယ်။ မနက်ပိုင်း ၁ နာရီလောက်ဝန်းကျင်မှာ ခေါင်းမိုး လွင့်သွားတယ်” ဟု ပြော သည်။

မိုင်ကုန်ကျေးရွာသည် တောင်ယာစိုက်ပျိူးမွေးမြူရေးကို အဓိကလုပ်ကိုင်သော ကျေးရွာဖြစ်ပြီး မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၄၃ အိမ်ရှိသည့်အနက် အိမ်ခြေ ၃၀ ခန့်မှာ ခေါင်မိုးများလှန်ကုန်ကာ ပျက်စီးမှုများစွာ ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် ကျေးရွာမှ တစ်နိုင်တစ်ပိုင် ဆောက်လုပ်ထားသော ဆေးပေးခန်း၊ ဒေသ ခံများ မိုးရာသီအတွက် သိုထားသည့် စပါးကျီများ ဆန်များအပြင် စိုက်ပျိုးသီးပင်များလည်း များစွာ ဆုံးရှုံးသွား သည်ဟု ပြောသည်။

အခြားဒေသခံတစ်ဦးက “မိုးရာသီ စားဖို့အတွက် ထားထားတဲ့ စပါးပုံလည်း အကုန်မိုးစိုသွားပြီ။ သစ်ကြားပင် လည်း တစ်ရွာလုံးနီးပါ အကုန်ကျိုးသွားပြီ။ လမ်းပန်းဆက်သွယ်ရေးက ခက်တော့ အရမ်းစိတ်မကောင်း ဖြစ်မိ တယ်” ဟု ပြောသည်။

ထို့ကြောင့် လေဘေးသင့်သည့် မိုင်ကုန်ကျေးရွာမှ ပြည်သူများအတွက် သွပ်များ၊ နေအိမ်အတွက် လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများအပြင် စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများက ပြော သည်။

ယင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် လေဘေးသင့်ပြည်သူများအတွက် ကူညီလှုဒါန်းလိုပါက  ၀၉၇၃၀၃၁၇၆၄ ဖုန်းသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်သည်။

မိုခါမုန်တိုင်းသည် မေလ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ၂ နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အလွန် အားနည်းသွားပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...