နန်းမားတွင် စစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေ

နန်းမားတွင် စစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေ
The voice of shan- ni
The voice of shan- ni

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် စစ်ကြောင်းဝင်နေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင် နေကြရ သည်။

နန်းမားမြို့၊ နန့်စော်လော်နှင့် တောင်အင်းဘက်တို့တွင် စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ပါ စစ်ကြောင်း တစ် ကြောင်း ဝင်ရောက်နေပြီး မေလ ၁၂ ရက်နေ့၊ နံနက် ၇ နာရီအချိန်မှ မွန်းလွဲ ၂ နာရီ အချိန်ထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများထွက်ပြေးနေရခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသားတစ်ဦးလည်း လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသည်ဟု နန်းမားမြို့နေ အသက် ၄၀ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“မနက် ၇ နာရီလောက်ကနေ ပစ်နေတာ မနက်စောစောပိုင်းက နန့်စော်လော်ဘက်ပစ်တယ်။ အခုနတော့ တောင် အင်းဘက်ကို ရောက်ခဲ့ပြီ။ အဲ့မှာပစ်နေတာ။ နားလိုက်ပစ် လိုက်လုပ်နေတာ။ ရန်အောင်ရပ်ကွက်က အိမ်တစ် အိမ်မှာတော့ တစ်လုံးမှာကျပြီး အမျိုးသားတစ်ယောက်သေဆုံးသွားတယ်” ဟု ပြောသည်။

လက်နက်ကြီး ထိမှန်သေဆုံးသွားသူသည် နန်းမားမြို့၊ ရန်အောင်ရပ်ကွက်နေ ဦးစိန်ဝင်း၊ အသက် ၅၀ နှစ်ကျော် ရှိသူဖြစ်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေမှုကြောင့် လက်ရှိ နန့်စော်လောနှင့် တောင် အင်း နန်းမားသံလမ်း အရှေ့ဘက်ခြမ်းတွင် နေထိုင်သည့် ပြည်သူအများစုသည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“စစ်ကြောင်းက ဝင်တာ သုံးရက်လောက်ရှိပြီလေး။ ဒီနေ့မှပဲ ရမ်းပစ်နေတာ။ တိုက်ပွဲဘာညာ ဖြစ်တာလည်း မကြားပါဘူး။ သူတို့ပဲ တစ်ဖက်သတ်ပစ်နေတာ။ သံလမ်းအနောက်ခြမ်းက အဲ့လောက် မဆိုးဘူး။ အရှေ့ဘက် ခြမ်းတွေကတော့ အားလုံးနည်းပါးရှောင်နေကြတယ်” ဟု နန်းမားဒေသခံတစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းပစ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့သည့်အပြင် ဒေသခံ အမျိုးသမီး ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့သော် အသေးစိတ် အခြေအနေကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

နန်းမားမြို့ ရန်အောင်ရပ်ကွက်ရှိ နန်းမားနယ်မြေရဲစခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရာမှ မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Photo- The voice of shan- ni

(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...