လူနေရပ်ကွက်အထိ ကျောက်စိမ်း တူးဖော်လာမှုကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာ

လူနေရပ်ကွက်အထိ ကျောက်စိမ်း တူးဖော်လာမှုကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာ
ဖားကန့် မှော်ဘုံကျေးရွာတွင် ရေရှားပါးလာသည့် ပြဿနာမြင်တွေ့ရပုံ
ဖားကန့် မှော်ဘုံကျေးရွာတွင် ရေရှားပါးလာသည့် ပြဿနာမြင်တွေ့ရပုံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း - မှော်စီဆာကျေးရွာတွင် လူနေရပ်ကွက်များထဲအထိ စက်ယန္တရားကြီး များဖြင့် ကျောက်စိမ်း အလွန်အကျွံ့ တူးဖော်လာသောကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာသည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ လူနေရပ်ကွက်များထဲ အထိပါ ကျောက်စိမ်းတူးဖော်လာသောကြောင့် လက်ရှိ တွင် ရေကြောများ ပျက်လာခြင်း ဖြစ်သည်ဟု မှော်စီဆာကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ကျွန်တော်ဒီမှာနေတာ လေးနှစ်ငါးနှစ်ရှိပြီ။ တစ်ခေါက်မှ ဒီလောက်ထိ ရေခက်ခဲတာ မကြုံဖူးဘူး။ ဒီနှစ်က ပိုပြီး ရေရှားလာတယ် မနှစ်ကထက်ပေါ့။ ဘာလို့ဆို စက်ယန္တရားကြီးတွေက တဖြည်းဖြည်းနဲ့ ရပ်ကွက်ထဲ ရောက်လာ တာလေ။ အခုဟာက အဝီစိတွင်းတောင် ရေခမ်းကုန်ပြီ။ တချို့ အဝီစိရေတွင်းတွေကတော့ ရတယ်။ ဒါပေမယ့် သောက်လို့မရဘူး။ ရေချိုးဘာညာလောက်ပဲရတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စစ်တပ်နှင့် အကျိူးတူ ပူးပေါင်းသည့် ကုမ္ပဏီကြီးများမှ ကျေးရွာဧရိယာအတွင်း သာ ကျောက်စိမ်းတူးဖော်ခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်စပိုင်းစတင်၍ လက်ရှိအချိန်ထိ လူနေရပ်ကွက်ထဲအထိ အလွန်ကျွံ တူးဖော်လာကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရေကြောများ ပျက်စီးကာ ဒေသခံများတူးဖော်ထားသည့် အဝီဝိတွင်းများရေခမ်းခြင်း၊ ရေမသန့်ရှင်း ခြင်းတို့ ဖြစ်လာပြီး အချို့ဒေသခံများ ရေကိုဝယ်သုံးနေရကြောင်း လုံးခင်းကျေးရွာမှ အခြား အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့က ကျနော့အသိတစ်ယောက်ဆီသွားတာ မျက်နှာသစ်ဖို့ရေကို ရေသန့်ဗူးဝယ်ပြီး သစ်ရတယ်။ ဝင်ငွေ ကောင်းတဲ့ လူတွေကတော့ သောက်ရေ၊ သုံးရေတွေကို ဝယ်သုံးရတယ်တဲ့။ ရေကိုသူံးဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ လိုက်ရောင်းတဲ့ သူရှိတယ်။ ပုံဝါတစ်ပုံဆိုရင် ၁၅၀၀ ၊၂၀၀၀ ရှိတယ်။ ပိုက်ဆံမတတ်နိုင်တဲ့လူကတော့ မသန့်ရှင်း တဲ့ရေကို ကျိုချက်ပြီးသုံးကြတာ” ဟု ပြောသည်။

လက်ရှိမှော်စီဆာကျေးရွာတွင် ကျောက်စိမ်းတူးသည့် ကုမ္ပဏီကြီးများ ၅၀ ခန့်ရှိကြောင်းသိရသည်။

လုံးခင်း၊ မှော်စီဆာဘက်တွင် ယမန်နှစ်များကလည်း ဒေသခံများ ရေရှားပါးသည့်ပြဿနာ အနည်းငယ် ကြုံခဲ့ရ သော်လည်း ရေပေးဝေရေး စနစ်ကြောင့် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ရာ ယခုနှစ်တွင် ရေကြောပျက်စီးမှုကြောင့် ရေပေးဝေရေး လုပ်ငန်းများလည်း ရပ်ဆိုင်းသွားသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...