ကရင်နီပြည်မှာ ၄ လအတွင်း အရပ်သားပြည်သူ ၂၂ ယောက်သေဆုံး

ကရင်နီပြည်မှာ ၄ လအတွင်း အရပ်သားပြည်သူ ၂၂ ယောက်သေဆုံး
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ဒီးမော့ဆ်ိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်တစ်နေရာ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးတစ်ဦး။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ဒီးမော့ဆ်ိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်တစ်နေရာ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးတစ်ဦး။

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ၄ လအတွင်းအရပ်သားပြည်သူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ထုတ်ပြန်ချက်အရ သိရပါတယ်။

“အရပ်သားသေတာက စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာပေါ့နော်။ အဲ့ဒါက ၇ ယောက်ရှိ တယ်။ နင်းမိုင်းကို နင်းမိပြီး သေဆုံးတာ ၄ ယောက်ပေါ့။ လေကြောင်းပစ်ခတ်မှုကြောင့် သေသွားတဲ့ အရပ်သား က ၇ ယောက်ပေါ့။ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် သေဆုံးတာက ၄ ယောက်ပေါ့။ အားလုံး ပေါင်း ၂၂ယောက်ပေါ့နော်” လို့ PKPF တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

လေးလတာ အတွင်း အရပ်သား ပြည်သူ ၂၂ ဦး သေဆုံးမှုနဲ့ ပတ်သက်၍ မေလ (၁)ရက်နေ့ က PKPF က ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

သေဆုံးသူ အများစုက ဒီးမော့ဆို၊ လွိုင်ကော်၊ ဘောလခဲ နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ဒေသတွေက ဖြစ်ပြီး အသက် ၂၀ နဲ့ ၄၀ အရွယ်လူလတ်ပိုင်းတွေဖြစ်ကြသလို ကျား ၂၀ ဦး၊ မ ၂ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ PKPF တာ ဝန်ရှိသူက ဆက်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ရန်ကနေ ကာကွယ်ဖို့ အသိပညာ နည်းပါးသေးတာကြောင့်လည်း ပြည်သူတွေ ထိခိုက် သေဆုံးနေရတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

“ဒီလေကြောင်းနဲ့ ပတ်သက်တဲ့ အသိပညာပေးတွေ လေကြောင်းရန်ကနေလာရင် ဘာတွေလုပ်ရမလဲ အဲ့လိုမျိုး အသိပညာပေးတွေလည်း အများကြီးလိုသေးတယ်လို့ ကျနော် တစ်ယောက်အနေနဲ့လည်း မြင်ရတယ်ပေါ့ နော်။”

ဝေဟင်ရန်ကာကွယ်ဖို့ ပြည်သူတွေအနေနဲ့လည်း အတတ်နိုင်ဆုံး ဗုံးခိုကျင်းတွေ တူးထားနိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အရပ်သား ပြည်သူသေဆုံးမှုတွေထဲ အများဆုံးက စစ်ကောင်စီရဲ့ ညှင်းဆဲသတ်ဖြတ်မှုကြောင့် ဖြစ်ပြီး ဝေဟင် တိုက်ခိုက်မှုကြောင့် သေဆုံးခြင်းက ဒုတိယ အဆင့်မှာ ရှိနေပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီပြည် နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသ တချို့အပါအဝင် ၂၀၂၃ခုနှစ်၊ မေလ (၁) ရက်နေ့အထိ အရပ်သားသေဆုံးသူ (၃၁၈)ဦးအထိ ရှိခဲ့တယ်လို့ PKPF လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...