ဖားအံတောင်ကလေး အကျဥ်းထောင်မှ နိုင်ငံရေး ပုဒ်မ ၅၀၅(က)ဖြင့် ၉ ဦး ပြန်လွှတ်

ဖားအံတောင်ကလေး အကျဥ်းထောင်မှ နိုင်ငံရေး ပုဒ်မ ၅၀၅(က)ဖြင့် ၉ ဦး ပြန်လွှတ်

စစ်ကောင်စီက အကျဥ်းထောင်များမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနှင့် အကျဥ်းကျခံနေရသူ၊ အချုပ်ကျခံနေရသူ အကျဥ်းသား ၂,၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်ဟုဆိုကာ လွတ်ငြိမ်းသက်သာခွင့် ပေးရာတွင် ကရင် ပြည်နယ် ဖားအံမြို့ တောင်ကလေး အကျဥ်းထောင်မှ အကျဥ်းသား/သူ  ၉ ဦး ပါဝင် လွတ်မြောက်ကြောင်း သိရ သည်။

ကရင်ပြည်နယ်အတွင်းရှိ တောင်ကလေး အကျဥ်းထောင်၊ ဘဝသစ်ကျောက်ထုတ် အကျဥ်းစခန်း၊ လက္ခဏ စိုက် ပျိုး ရေး အကျဥ်းစခန်းတို့မှ ကဆုန်လပြည့်လွတ်ငြိမ်းသက်သာခွင့်ပြု အကျဥ်းသားစာရင်းအား ပြည်နယ် စစ် ကောင်စီမှ ထုတ်ပြန်ချက်စာရင်း မသိရသေးသော်လည်း လွတ်မြောက်လာသည့် အကျဥ်းသားများအား သွား ရောက် ကြိုဆိုသည့် အကျဥ်းသား မိခင်တစ်ဦးက ၅၀၅ - က ပုဒ်မဖြင့် လွတ်ရက်စေ့နေသူကို လွတ်ငြိမ်းခေါင်း စဥ်ဖြင့် လွှတ်ခြင်းသာဖြစ်ကြောင်း ပြောသည်။

“တောင်ကလေးက မနေ့က နိုင်ငံရေးပုဒ်မ ၅၀၅( က)နဲ့က ၉ ယောက်ပဲလွတ်တယ်။ ကျား ၇ ယောက်၊ မ ၂ ယောက်ပဲ လွတ်တယ်။ ကျုံဒိုး ၂ ယောက်၊ ကော့ကရိတ် ၁ ယောက်ပါတယ်။ လွတ်ရက်စေ့ခါ နီးရယ်၊ လွတ်ရက် ရက်ကျော် နေတာရယ်ကို ပေါင်းစုထားပြီး တခြားပြစ်မှု အကျဥ်းသားတွေနဲ့ ရောလွတ်တာမျိုးပါပဲ။ နေ့ကြီး ရက်ကြီး လွတ်ငြိမ်းချမ်းသာခွင့် ခေါင်းစဥ်မျိုးလုပ်ပြီး လွတ်ငြိမ်းပေးပေမယ့် နောက်တစ်ကြိမ် ပြစ်မှုဖြစ်ရင် လက်ကျန်ပြစ်မှုပြစ်ဒဏ်တွေ ထပ်ပေါင်းကျခံရမယ်ဆိုတာကြီးပါနေတယ်” ဟု ဖားအံမြို့ခံ နိုင်ငံရေးအကျဥ်း သား မိခင်တစ်ဦးက ပြောသည်။

ကရင်ပြည်နယ် အကျဥ်းထောင်နှင့် အကျဥ်းစခန်းများတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း စစ်အာဏာသိမ်း ဖြစ်စဥ်ကို ဆန့်ကျင်ကြသည့် ဒေသခံများ မတရားဖမ်းဆီးထောင်ချခံထားရသည်။

CDM ဆရာ/မ နှင့် ဝန်ထမ်းများ၊ ဒေသခံများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးလုပ်ဆောင်သည့် လူငယ်များ ဖမ်းဆီးထောင်ကျခံနေရသူ တစ်ရာကျော် ကျန်ရှိနေသေးကြောင်း ပြည်နယ်အတွင်း တရားရေး ဆိုင် ရာကိစ္စများအား ကူညီပေးနေသည့် ရှေ့နေများ၏ ပြောဆိုချက်အရ သိရသည်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၈၅၀) ဦးရှိပြီး ထိုအထဲမှ  (၁၇၈၄၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ် ကာ ထိန်းသိမ်းခံနေရသူများအနက် (၅၈၁၈) ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...