ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကျွန်းကြီးကုန်းကျေးရွာတွင် ဖမ်းဆီးခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား စစ်ကောင်စီအဖွဲ့က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုင်းများတပ်ဆင်ပေးကာ စစ်ကြောင်းအတွင်း ခေါ်ဆောင်သွားနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှသိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ထီးချိုင့်နယ် ကျွန်းကြီးကုန်းသို့ စစ်ကောင်စီ စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကို ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းအတွင်းခေါ်ဆောင်သွားကာ နေအိမ်များလိုက်လံ မီးရှို့ဖျက်ဆီးပေးနေသည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“ဖမ်းဆီးခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကို မသတ်သေးဘူး။ ညောင်ပင်လှကို သွားတဲ့ စစ်ကြောင်း နဲ့ ပါသွားပြီ သူ့ရဲ့ ခန္ဓာကိုယ်မှာ မိုင်းတွေ တပ်ပေးထားတယ်။ ရွာတွေကို လိုက်ပြခိုင်းပြီးတော့ မီးရှို့တယ်”ဟုပြောဆိုသည်။

ကျွန်းကြီးကုန်းရွာ မီးရှို့ဖျက်ဆီးပြီး ထွက်ခွာသွားသည့် အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် ညောင်ပင်သာကျေးရွာ၏ ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်လျက်ရှိနေကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်နယ်တွင် စစ်ကောင်စီအဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် မယ်ဇလီ၊ ဒိုးပင်၊ ကျွန်းကြီးရွာများနှင့် ထီးချိုင့်မြို့နယ်နှင့် နယ်နမိတ်ထိစပ်သည့် သပိတ်ကျင်းမြို့နယ်ရှိ ကုက္ကိုလ်ကုန်းကျေးရွာ စသည့် ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

မြန်မာ့မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေးအင်စတီကျု့(ISP Myanmar) ၏ ဇန်နဝါရီလ၂၄ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ် ၄သောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...