မြစ်ကြီးနားတွင် လူနေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနားတွင် လူနေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးဘုန်းကြီးကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၈ လုံးတပြိုင်နက် မီးလောင်းပျက်စီးသွားကြောင်း မြစ်ကြီးနား မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ မြို့ဦးဘုန်းကြီးကျောင်းရှေ့ အိမ်ငှားနေထိုင်သည့် အိမ်ခန်းတစ်ခု၏ မီးဖိုဆောင်အတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးကပ်ယက်ရှိသော နေအိမ်များသို့ ဆင့်ကူး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

“စလောင်တာက အိမ်ခန်းတွဲ ၅ တွဲတန်းလျားမှာ ကောက်ညှင်းပေါင်းနဲ့ ကြော်ရောင်းတဲ့ မိသားစုက တစ်ခန်းငှားနေကြတာ သူတို့က မနက်လုပ်ပြီး စီတာပူဘက်မှာ စျေးသွားရောင်းတာ အဲ့နေရာကနေ မီးသွေး မီးကြွင်းတွေကျန်ခဲ့လို့ အဲ့ကနေ စလောင်ခဲ့တာဟုတ်တယ်”ဟုပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်သည် အိမ်ငှားများနေထိုင်ကြသည့် ၅ ခန်းတွဲပါ အိမ်ဝန်းဖြစ်သည်။

ထို့အပြင် မီးလောင်မှုဖြစ်ပွားခဲ့သည့် အခန်းတန်းလျားနှင့် အနီးကပ်ယက်ရှိသော နေအိမ် ၃ လုံးလည်း မီးလောင်ပျက်စီးသွားသည့်အတွက် ယနေ့ မီးလောင်ပျက်စီးမှုတွင် အိမ်ငှား အခန်း ၅ ခန်းနှင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...
July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...