Mrs Ethnic Tourism 2023 အိမ်ထောင်ရှင်အလှမယ်များပြိုင်ပွဲ စစ်တွေတွင်ကျင်းပနေ

Mrs Ethnic Tourism 2023 အိမ်ထောင်ရှင်အလှမယ်များပြိုင်ပွဲ စစ်တွေတွင်ကျင်းပနေ
Mrs Ethnic Tourism 2023 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဥ်ပြိုင်သွားမည့် မြို့ကိုယ်စားပြုအလှမယ်များ၏ Welcome & Sashing Ceremony အခမ်းအနားမှ ပုံရိပ်များ
Mrs Ethnic Tourism 2023 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဥ်ပြိုင်သွားမည့် မြို့ကိုယ်စားပြုအလှမယ်များ၏ Welcome & Sashing Ceremony အခမ်းအနားမှ ပုံရိပ်များ

AKYAB STAR က ကြီးမှူးကျင်းပသည့်  Mrs Ethnic Tourism 2023 အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကို ရခိုင်မြို့တော် စစ်တွေတွင်ကျင်းပနေပြီး လာမည့်ဇန်နဝါရီ ၂၈ ရက်( စနေနေ့) တွင် နောက်ဆုံးအဆင့် Grand Final Showကို  အာရီယာန် စားသောက်ဆိုင် မြက်ခင်းပြင်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်ဟု သတင်းရရှိသည်။

လက်ရှိ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နေသည့် အမျိုးသမီးများထဲက အလှမယ် (၉) ဦးကို ဆန်ခါတင်ရွေးချယ်ထားပြီး  ဇန်နဝါရီလ ၂၃ ရက်မှ စတင်ကာ စစ်တွေမြို့ Strand Hotel တွင် Camp ၀င်လျက်ရှိသည်ဟု  AKYAB  STAR Founder ကိုစံသာက နိရဉ္စရာသတင်းဌာနကို ပြောသည်။

၎င်းအိမ်ထောင်ရှင်အလှမယ် (၉) ဦးမှာ  နေပြည်တော်၊ တာချီလိတ်၊ မန္တလေး၊ စစ်တွေ၊ မြောက်ဦး၊ အမ်းစသည့် မြို့(၉)မြို့မှ ဖြစ်ကြသည်ဟု သိရသည်။

AKYAB  STAR Founder ကိုစံသာက "Mrs Ethnic Tourism 2023 မှာ တိုင်းရင်းသားဒေသ အသီးသီးမှာ ခရီးသွားလုပ်ငန်းပိုင်းတွေ ပိုမိုတွင်ကျယ်လာဖို့ရယ်၊ နောက် ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ အိမ်ထောင်ကျပြီးသားအမျိုးသမီးတွေက သားသမီးတွေ၊ အိမ်မှုကိစ္စတွေနဲ့ပဲ ကျင်လည်ရပ်တည် နေထိုင်နေတာမဟုတ်ဘဲ သူတို့ရဲ့ အရည်အချင်းတွေကို ချပြနိုင်သေးတယ်ဆိုတာကို ပလက်ဖောင်းတစ်ခုအနေနဲ့ ထုတ်ပြပေးတာပါ" ဟု ပြောသည်။

Mrs Ethnic Tourism 2023 အိမ် ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် Winner ရသည့် အိမ်ထောင်ရှင် အလှမယ်ကို ကျပ်သိန်းငွေ(၅၀)နှင့် Crown ကို အဖွဲ့အစည်းမှ အပိုင်ပေးအပ်သွားမည်ဟုလည်း သိရသည်။

"ပထမတော့ မြို့ကိုယ်စားပြုတွေ အယောက် ၂၀ ဝန်းကျင်လောက်ရှိတယ်။ အဲ့ဒီထဲက Final ရောက် လာတဲ့အချိန်မှာ မြို့(၉)မြို့ပဲကျန်တယ်။ အခုတော့ မြို့ ၉ မြို့ ကိုယ်စားပြုတွေပဲပြိုင်နေတာပေါ့" ဟု AKYAB  STAR Founder ကိုစံသာက ပြောသည်။

နောက်ဆုံးဆုပေးပွဲကို ဇန်နဝါရီ ၂၈ ရက်နေ့တွင် အာရီယာန် စားသောက်ဆိုင် မြက်ခင်းပြင်၌ တစ်ခါတည်း ပြုလုပ်သွားမည်ဟု သိရှိရသည်။

July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...