ဝမ်ဟိုင်းမြို့ပေါ်မှစစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်ပျံသန်းမှု SSPP/ SSAကို ရန်စစော်ကားခြင်းဟုဆို

ဝမ်ဟိုင်းမြို့ပေါ်မှစစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်ပျံသန်းမှု SSPP/ SSAကို ရန်စစော်ကားခြင်းဟုဆို
ဓာတ်ပုံ - SSPP/ SSA
ဓာတ်ပုံ - SSPP/ SSA

ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမြို့နယ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA  ဌာနချုပ် တည်ရှိရာ နေရာကို စစ်ကောင်စီဂျက်တိုက်လေယာဥ်ပျံသန်းမှုသည် ရန်စစော်ကားခြင်း ဖြစ်ကြောင်း SSPP သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ YAK-130 အမျိုးအစား ဂျက်တိုက်လေယာဥ်တစ်စီးသည် ယနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က ဝမ်းဟိုင်းမြို့ပေါ် မှ ဖြတ်သန်းပြီး အနိမ့်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လေယာဥ်ပျံသန်းခြင်း၊ လေ့ကျင့်ခြင်းမှုများ ထပ်မံပြုလုပ်မည်ဆိုပါက စစ်ကောင်စီတပ်မတော် တာဝန်သာ ဖြစ်ဖြစ်ကြောင်း SSPP ကပြောဆိုထားသည်။

"ဤဖြစ်စဉ်နှင့်ပတ်သက်ကာ ထိုသို့အကြောင်း မကြားပဲ အနိမ့်ပျံသန်းမှုပြုလုပ်ခြင်းသည် SSPP/SSA  အပေါ်ရန်စ စော်ကားသည့်လုပ်ရပ်သာဖြစ်သည်ဟု ယူဆနိုင်သည့်အတွက်၊ နောက်တစ်ကြိမ် ဤကဲ့သို့ အကြောင်းကြားခြင်းမရှိပဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်းများ ၊ လေ့ကျင့်ခြင်များ ထပ်မံပြုလုပ်ပါက တပ်မတော်တာဝန်သာ ဖြစ်ကြောင်း" SSPP က ဖော်ပြထားသည်။

လေယာဥ်ပျံသန်းမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့ကြောင်း ဖြစ်စဥ်ဖြစ်နေသည့်အချိန် RCSS ဥက္ကဋ္ဌ စဝ်ယွတ်ဆစ်တို့နှင့် ဆွေးနွေးပွဲလုပ်ဆောင်နေသည့် အတွက် ၎င်းကိုယ်တိုင် မသိရသေးကြောင်း သိရှိရပါက အကြောင်းပြန် ပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမင်းနောင်မှ ဖြေကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီမှ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာနေရာများတွင် ယခုနှစ်အစကတည်းက မကြာခဏ ပြုလုပ်နေကြောင်းတွေ့ရှိရသည်။

July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...