အင်းတော် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက KIA ဟုပြောဆိုကာ ဝင်ရောက်တပ်စွဲနေ

အင်းတော် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက KIA ဟုပြောဆိုကာ ဝင်ရောက်တပ်စွဲနေ

အင်းတော်မြို့နယ် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် ကိုယ့်ကို KIA တပ်ဖြစ်ကြောင်း ပြောဆိုကာ ပြည်သူများ၏ ကြက်များကို သတ်ဖြတ် စားသောက်နေကြကြောင်း သိရသည်။

ထီးချိုင့်ဘက်မှ ဝင်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်မှ စတင်ကာ မဲဇာအုပ်စု လယ်ဇင်းကျေးရွာသို့ ဝင်ရောက်တပ်စွဲထားသည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

”စစ်ယူနီဖောင်းနဲ့ပဲဗျ အဲ့တာကိုသူတို့ကိုသူတို့ KIA စစ်သားတွေပါလို့ပြောပြီး ရွာသားတွေရဲ့ ကြက်တွေသတ်ခိုင်းပြီး ထမင်းတွေချက်ခိုင်း လုပ်နေတယ်တဲ့ ရွာသားတွေကသိတာပေါ့ စစ်သားမှန်းကြောက်လို့သာ လက်ခံကျွေးမွေးထားရတာတဲ့”ဟုပြောသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်လာသောကြောင့် ကျေးရွာသား အချို့ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း ထွက်မပြေးပဲ ကျန်နေသည့်ဒေသခံများကို ကျေးရွာအပြင်မထွက်ခိုင်းပဲ အမျိုးသမီးများကို ထမင်း၊ဟင်း ချက်ပြုတ်ခိုင်းနေကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့က ထီးချိုင့်ဘက်မှ တက်လာသည့် စစ်ကြောင်းဖြစ်ပြီး ၂၁ ရက်နေ့တွင် ကြိမ်ချောင်းကျေးရွာဘက်မှ သစ်ပုံလွင်ကျေးရွာဘက်သို့ ဆင်းလာစဥ် KIA ၊ PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်။

အင်းတော်တွင်လက်ရှိ လယ်ဇင်းကျေးရွာသို့ ရောက်နေသည့် အင်အား ၇၀ ပါစစ်ကြောင်းတစ်ကြောင်းနှင့် နဘားသို့ ရောက်နေသည့် အင်အား ၈၀ ပါစစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်နေကြောင်းသိရသည်။

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...