ဘန်ကောက်မှာ ထိုးသတ်တဲ့ MMA ပွဲမှာ အောင်လအန်ဆန်းက ပြိုင်ဘက်ဘရာဇီးနိုင်ငံသားကို အနိုင်ရပြီးနောက် “မြန်မာပြည်ငြိမ်းချမ်းရေးရရှိဖို့” ဆုတောင်းကြောင်း ပြောကြားသွား

ဘန်ကောက်မှာ ထိုးသတ်တဲ့ MMA ပွဲမှာ အောင်လအန်ဆန်းက ပြိုင်ဘက်ဘရာဇီးနိုင်ငံသားကို အနိုင်ရပြီးနောက် “မြန်မာပြည်ငြိမ်းချမ်းရေးရရှိဖို့” ဆုတောင်းကြောင်း ပြောကြားသွား

ဘန်ကောက်မြို့မှာ ဇန်နဝါရီ(၁၄)ရက်နေ့ မနက်ပိုင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ One Championship Fight ပွဲစဉ်(၆)၊ ကိုယ်ခံပညာပေါင်းစုံ( MMA) ပြိုင်ပွဲမှာ နာမည်ကျော် မြန်မာ့စပါးကြီး အောင်လ အန်ဆန်းက ပြိုင်ဘက် ဘရာဇီးနိုင်ငံသား ဂျီလ်ဘာတို ဂယ်လ်ဗာအို ကို ပထမအချီ (၁)မိနစ်(၂၉)စက္ကန့်မှာပဲ ဒိုင်ပွဲရပ် နဲ့အနိုင်ရသွားခဲ့ပြီးနောက် မြန်မာပြည်ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်းသွားခဲ့ပါတယ်။

နိုင်ပွဲရအပြီး ပရိသတ်များကို နှုတ်ခွန်းဆက် ပြောကြားရာမှာ " မြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိပါစေလို့ ဘုရားသခင်မှာ ဆုတောင်းကြောင်း" သူက ပြောကြားသွားခဲ့တာပါ။ 

ဒီပွဲစဉ်ကို ဘန်ကောက်မြို့ Impact Arena ခန်းမဆောင်ကြီးထဲမှာ စနေနေ့မနက်အစောပိုင်းက ကျင်းပသွားတာကဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ မြန်မာနိုင်ငံက အောင်လပရိသတ်တွေ တကူးတက လာရောက်အားပေးကြတာတွေ့ရပြီး အောင်လဟာ ဘရာဇီးဖိုက်တာ ဂျီလ်ဘာတို ကို ပထမအချီအတွင်းမှာပဲ ဘယ်ညာ လက်သီးတွဲလုံးများနဲ့ အဆက်မပြတ်ထိုးသတ်ပြီး အနိုင်ရသွားခဲ့ပါတယ်။

အမ်အမ်အေ ဟဲဗီးဝိတ် နဲ့ မစ်ဒယ်ဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ ကချင်လူမျိုး အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ နှစ် နှစ်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကို အရှုံးပေးခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်၊ စင်္ကာပူမှာ ကျင်းပတဲ့ ပွဲစဉ်မှာ ဂျပန်ဖိုက်တာ ယူရှင်း အိုကာမီ ကို ပထမအချီမှာပဲ ဒူးတိုက်ချက်နဲ့ နိုင်ပွဲ ပြန်လည်ရရှိခဲ့တယ်။

အခုနိုင်ပွဲဟာ (၃)လအတွင်း အောင်လအန်ဆန်းရဲ့ ဒုတိယမြောက် နိုင်ပွဲဖြစ်တယ်။ ကိုယ်ခံပညာပေါင်းစုံ အတိုက်ပြိုင်ပွဲ( MMA) တွေမှာ ကချင်လူမျိုး အောင်လအန်ဆန်း၊ ချင်းလူမျိုး တီရယ်လတန် တို့ အောင်မြင်မှု ရနေသလို Thai Fight မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာလည်း ကယန်းအမျိုးသမီး ဘရော်နီကာ စသူတို့ဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံကိုယ်စားပြုပြီး အောင်မြင်မှုတွေ ရယူပေးနေတာ တွေ့ရပါတယ်။

July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...