ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့၀င် ၅ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာရ

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့၀င် ၅ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာရ
ဒေသတွင်း မီဒီယာများမှ ဖော်ပြသည့် CNA /F ကျဆုံး ရဲဘော် ၅ ဦး နှင့် ဗုံးကျဲခံရသည့် တပ်ဌာနချုပ် တစ်နေရာ
ဒေသတွင်း မီဒီယာများမှ ဖော်ပြသည့် CNA /F ကျဆုံး ရဲဘော် ၅ ဦး နှင့် ဗုံးကျဲခံရသည့် တပ်ဌာနချုပ် တစ်နေရာ

ချင်းအမျိုးသားတပ်ဦး (CNA/ CNF)ဌာနချုပ် တည်ရှိရာ Victoria စခန်း ကို ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီက တစ်နိုင်လုံးအတိုင်းအတာဖြင့် အပစ်ရပ်စဲထားကြောင်း တရားဝင် ကျေညာထားပြီး ၁၀ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် တပ်ဖွဲ့ ဝင်များမှာ ဆလိုင်းဗန်ရိုပြန်၊ မိုင်ငွန်လှေပါရ်၊ မိုင်ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင်နှင့် ဆလိုင်ကီလ်မန် တို့ဖြစ်ကြသည် CNA/F က ပြောသည်။

ကျဆုံးခဲ့သူများထဲတွင် တပ်ဖွဲ့ဝင် အမျိုးသမီး ၂ ဦးပါဝင်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရရာရရှိများ ဖြစ်ပေါ်ခဲ့ကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

စစ်ကောင်စီက Camp Victoria ကို လေကြောင်းဂျက်တိုက်လေယာဉ် ၅ စီးဖြင့် ညနေ ၄ နာရီ ခွဲ အချိန်ခန့်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီ၏ လေယာဥ်များသည် အိန္ဒိယ လေပိုက်နက်ထဲမှ Camp Victoria ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုဖြစ်ခတ်မှုများကြောင့် အိန္ဒိယ ပိုင်နက်ထဲသို့လည်း ဗုံး ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရှိရသည်။

ချင်းအမျိုးသားတပ်ဦး (CNF)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးသည် တပ်ဖွဲ့ တစ်ခုဖြစ်သည်။

ချင်းအမျိုးသား တပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး  ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မြန်မာနိုင်ငံတွင်း လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။   

၂၀၁၂ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦးနှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...