တစ်နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး ၄၃၀ ကျော်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် မြေသြဇာအသွင်ပြောင်းလဲ နိုင်ခဲ့ကြောင်း Federal Wings အဖွဲ့ ထုတ်ပြန်

တစ်နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး ၄၃၀ ကျော်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် မြေသြဇာအသွင်ပြောင်းလဲ နိုင်ခဲ့ကြောင်း Federal Wings အဖွဲ့ ထုတ်ပြန်
Federal Wings အဖွဲ့ အင်တာနက်စာမျက်နှာ
Federal Wings အဖွဲ့ အင်တာနက်စာမျက်နှာ

တစ်နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး ၄၃၀ ကျော်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် မြေသြဇာအသွင်ပြောင်းလဲ နိုင်ခဲ့ကြောင်း Federal Wings အဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးများအား KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့ တိုက်ပွဲများစခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲလုပ်ဆောင်ခဲ့ကြောင်းကိုလည်း ၎င်းတို့၏ တစ်နှစ်ပြည့် ပြည်သူများအားတင်ပြသည့် အစီရင်ခံစာ တွင်ဖော်ပြထားသည်။

အစီရင်ခံစာတွင် လွတ်လပ်ရေးကို လိုလားသည့် ပြည်သူလူထုအပေါင်းမှ ထည့်ဝင်လှူဒါန်းထားသည့် ငွေကြေး အမေရိကန်ဒေါ်လာ ၂၆၅၂၄၂ ရရှိထားပြီး ၎င်းငွေဖြင့် စစ်အာဏာရှင် တိုက်ထုတ်ရေးကိုအကျိုးရှိစွာ အသုံးပြုနေကြောင်းကိုလည်း အသိပေး ဖော်ပြထားသည်။

Federal Wings ၏ ဘဏ္ဍာရေးဆိုင်ရာရပ်တည်မှုမှာ Federal Wings Committee ၏ တော်လှန်ရေးရံပုံငွေနှင့် ပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းငွေများမှသာဖြစ်ပြီး NUG အပါအဝင် အခြား မည်သည့်အဖွဲ့အစည်းများထံမှ ရယူထားခြင်းမျိုးမရှိကြောင်းကိုလည်း ပြည်သူများထံတင်ပြသည့် အစီရင်ခံစာတွင် ပြောဆိုထားသည်။

Federal Wings အနေဖြင့် NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း ၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ချိတ်ဆက်ပြီး တော်လှန်ရေးကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိ ကြောင်း သိရှိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနှင့် ကြာအင်းဆိပ်ကြီးတိုက်ပွဲများတွင် Federal Wings ဒရုန်းတပ်ဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့ စစ်ကြောင်းများနှင့် အတူအင်အားဖြည့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်းကိုလည်း ပြောဆိုထားသည်။

July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...