ဒေါ်သန်းမြင့်အောင်၊ ဦးထင်လင်းဦးနှင့် ဒေါက်တာ အာကာမိုးသူ တို့ ပြန်လည်လွတ်မြောက်

ဒေါ်သန်းမြင့်အောင်၊ ဦးထင်လင်းဦးနှင့် ဒေါက်တာ အာကာမိုးသူ တို့ ပြန်လည်လွတ်မြောက်

NLD အစိုးရလက်ထက်က ရန်ကုန်စည်ပင်သာယာရေးကော်မတီဝင် ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် NLD ပါတီက ဦးထင်လင်းဦးတို့ အင်းစိန်ထောင်မှ ယနေ့ နေ့လည်ပိုင်းက ပြန်လွတ်မြောက်လာကြောင်း သိရှိရသည်။

ထိုအပြင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အင်းစိန်ထောင်မှ ပြန်လွတ်မြောက်လာခဲ့ကြောင်းသိရှိရသည်။

ဒေါ်သန်းမြင့်အောင်သည် ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံနေရခြင်းဖြစ်ပြီး ဒေါက်တာအာကာမိုးသည်လည်း ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံနေရသူဖြစ်သည်။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ၅၀၅ (က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ အချို့လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယနေ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့်ပေးပြုလိုက် ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားကြောင်းသိရှိရသည်။

July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...