သံတွဲမြို့တွင် ကြံ့ခိုင်ရေးပါတီက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်

သံတွဲမြို့တွင် ကြံ့ခိုင်ရေးပါတီက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်
ဓာတ်ပုံ- ရခိုင်နေ့စဉ်
ဓာတ်ပုံ- ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကြံ့ခိုင်ရေးပါတီကဦးစီးကာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၎င်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ဇန်နဝါရီလ ၃ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် သံတွဲမြို့၊ အမှတ်(၈) ရပ်ကွက်၊မြို့နယ်အားကစားကွင်းရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်လူပေါင်း (၁၀၀) ခန့် တက်ရောက်ခဲ့သည်ဟု  သံတွဲဒေသခံတစ်ဦးက ပြောသည်။

"ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး လုပ်ကြတာပါ။ ဘာလို့ဆို ပြည်ခိုင်ဖြိုးရုံးရဲ့ လမ်းကျော်ပြီးတော့ အဲ့ဒီကွက်လပ်မှာလုပ်တာတွေ့တယ်။ ကုလသမဂ္ဂရဲ့ တစ်ဖက်သက်ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရှုတ်ချပွဲ၊ ဘာညာအဲ့လိုတွေဆိုင်းဘုတ်တွေထောင်ထားတာတွေ့တယ်။ ဒေသခံပြည်သူတွေတော့ မပါဘူး"ဟု ပြောသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည်  မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်ရန်အပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန် ဒီဇင်ဘာ ၂၁ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ သည်။

၎င်းဆုံးဖြတ်ချက် အပေါ် စစ်ကောင်စီထောက်ခံသူတစ်ချို့က  ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတချို့တွင် ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲများကို ပြုလုပ်လျက်ရှိနေသည်။

နောက်ထပ် သံတွဲမြို့ခံတစ်ဦးက  "ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ခေါ်မှာပဲလေ။ ဒါ ထုံးစံပဲကို။ သူတို့ကို ထမင်းကျွေးတာလား။ ဘာကျွေးတာလဲတော့မသိ။ ရေသန့်ဘူးတွေ လည်း သေချာထောင်လို့ တွေ့တယ်။ စရိတ်ပေးပြီး ခေါ်တာထင်တယ်"ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများအလိုမရှိ၊ အကြမ်းဖက် NUG၊ CRPH၊ PDF အလိုမရှိ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး ဒို့အရေး၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သတ်ဖြတ်နေမှုများ ချက်ချင်းရပ် စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...