မြောက်ဦးတွင် ကားသမားတစ်ဦးကိုကားနှင့်အတူ ရဲကဖမ်းဆီးသွား

မြောက်ဦးတွင် ကားသမားတစ်ဦးကိုကားနှင့်အတူ ရဲကဖမ်းဆီးသွား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကားသမားတစ်ဦးကို  ကားနှင့်အတူ  ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ ကားသမား ဦးကျောက်လုံး ဖြစ်သည်။၎င်းကို ယနေ့  နေ့လယ် ၁ နာရီခန့်တွင် မြောက်ဦးမြို့ အလယ်ဈေးလမ်းဆုံနားမှ ရဲတပ်သားများက ဖမ်းဆီးသွားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။"နေ့လယ် ၁၂ နာရီကျော်၊ ၁ နာရီမထိုးခင်လေးက အလယ်ဈေးနားမှာ ကားရော၊ လူကိုပါ ခေါ်သွားတာ။ ခရိုင်ရုံးကိုခေါ်သွားပါတယ်"ဟု ပြောသည်။

ဖမ်းဆီးခံရသူ ဦးကျောက်လုံးကို ကားလိုင်စင်ကိစ္စကြောင့် ဖမ်းဆီးသည်ဟု ရဲကပြောသော်လည်း ဖမ်းဆီးချိန်တွင် လိုင်စင်ကိုတောင်းခံ စစ်ဆေးမှုမပြုခဲ့ကြောင်း ကားပေါ်ပါလာသူတစ်ဦးက ပြောသည်။

"သူကနေ့တိုင်း ဈေးသည်တွေနဲ့ မြောက်ဦးကို အသွားအလာလုပ်နေသူပါ။ ဖမ်းတုန်းက လိုင်စင်ကိုတောင် မတောင်းဘူး။ တခါတည်းဖမ်းတာပါ။ ဒါပေမယ့် လိုင်စင်ကိစ္စဖမ်းတယ်လို့တော့ ပြောတယ်။ ဖမ်းတုန်းကတော့ ရဲဝတ်စုံတွေနဲ့ပါပဲ။ စစ်သားမပါဘူး"ဟု ပြောသည်။

လက်ရှိမှာ မြောက်ဦးမြို့ ခရိုင်ရုံးတွင်ဖမ်းဆီးထားသည်ဟု သိရသည်။

ဖမ်းဆီးမှုနှင့်ပတ်သက်၍ မြောက်ဦးရဲစခန်းအားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...