နိုင်ငံတဝန်းမှာ အာဏာသိမ်း (၂၂) လအတွင်း တိုက်ပွဲပေါင်း (၇၈၀၀) ကျော် ဖြစ်ပွားခဲ့

နိုင်ငံတဝန်းမှာ အာဏာသိမ်း (၂၂) လအတွင်း တိုက်ပွဲပေါင်း (၇၈၀၀) ကျော် ဖြစ်ပွားခဲ့

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်ကနေ အခုနှစ် နိုဝင်ဘာ (၁၅) ရက်နေ့အထိ လက်နက်ကိုင် တိုက်ပွဲပေါင်း (၇၈၅၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar က နိုဝင်ဘာ (၂၂) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAOs)တွေအကြား တိုက်ပွဲပေါင်း (၄၅၄၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု (၂၂၆၇) ကြိမ်ထက်မနည်းရှိခဲ့တာပါ။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs)၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုမှာလည်း (၉၂၅) ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ISP-Myanmar ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ် မေလအတွင်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား တိုက်ပွဲဖြစ်ပွားမှု (၆၂၂) ကြိမ်ထက်မနည်း အများဆုံး ရှိခဲ့တာပါ။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုဝင်ဘာ (၁၅) ရက်နေ့အထိ ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း(၄၃၉၄) ကြိမ်ထက်မနည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ တိုက်ပွဲပေါင်း (၉၁၉) ကြိမ်ထက်မနည်း ဒုတိယအများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာလည်း ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်ပေါင်း (၁၅) ခုမှာ လေကြောင်းတိုက်ခိုက်ခံရမှု (၅၇) ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ISP-Myanmar က ဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း (၁၂) ကြိမ်မနည်း အများဆုံးဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှု (၃၇) ဦးထက်မနည်း ရှိခဲ့တာပါ။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း အရပ်သားတွေအပါအဝင် သေဆုံးသူ (၇၀) ဦးထက်မနည်း ရှိခဲ့ပါတယ်။

ISP-Myanmar ကတော့ အခု အချက်အလက်တွေဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေပြုပြီး လက်လှမ်းမီသလောက် စုစည်းတင်ပြထားတာ ဖြစ်ကြောင်းနဲ့ မြေပြင်မှာ ဒီထက်အများကြီး ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...