ဗဟင်းကျေးရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းကိုလာကြိုတဲ့ကားတန်း မိုင်းဆွဲခံရပြီးဆယ်ဦးကျော်သေဆုံး

ဗဟင်းကျေးရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းကိုလာကြိုတဲ့ကားတန်း မိုင်းဆွဲခံရပြီးဆယ်ဦးကျော်သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ် အတွင်းက ဗဟင်းရဲစခန်းနဲ့ ဗဟင်းကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကြောင်းကို လာကြိုတဲ့ ကားတန်းမိုင်းဆွဲခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦးသေဆုံး ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါ တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၃) ရက်နေ့က ဗဟင်းကျေးရွာက ရဲစခန်းနဲ့ လူနေအိမ်(၅၀) ကျော်ကို မီးရှို့ ပြီးပြန်ထွက်လာတဲ့ စစ်ကြောင်းကို မြိုင်မြို့ပေါ်က ကားတွေနဲ့ လာကြိုချိန်တိုက်ခိုက်ခံလိုက်ရတာ ပါ။

“စစ်ကြောင်းက သူတို့ မိသားစုတွေလဲပါတဲ့ကားတစီးက အရှေ့ကသွားတာ မိသားစုတွေပါတဲ့ ကားကို မခွဲဘဲနဲ့ အနောက်က သူတို့ပါတဲ့ကားကို ပေပါမိုင်း(၂)လုံး၊ရှေ့ထွက်ပြောင်း (၆)လုံး နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် (၁၂) ဦးသေတယ်ဒဏ်ရာရတဲ့သူတွေလဲ များတယ်” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြိုင်မြို့ထဲဝင်ချိန်မှာ လည်း သူတို့ရဲ့ စခန်းရှေ့က ဘယ်ရီဂိတ်တွေကို တိုက်ချပြီး မောင်းဝင်သွားတဲ့ အခြေအနေရှိတယ်လို့ သူက ပြောပါသေးတယ်။

မြိုင်မြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်ကောင်စီတပ်ဟာ သူတို့ ရဲ့စခန်းအသိမ်းခံရမှာ ကြောက်ရွံ့လို့ သူတို့ကိုယ်တိုင် မီးရှို့ပြီး ထွက်ခွာကြတာဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြိုင်မြို့နယ်ကြောင်ကန် ကျေးရွာက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် (၁၀) လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်း၊မကွေး၊ချင်း၊ကယား၊ကရင်၊မွန်နဲ့ တနင်္သာရီတိုင်း အတွင်းက ပြည်သူ ပိုင်နေအိမ် ထောင်နဲ့ချီကို နေ့စဉ်လိုလို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - နွေဦးတော်လှန်ရေး-မြိုင်မြို

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...