ရေးမြို့မရဲစခန်းမှူးဒုရဲမှူးလှဌေးအပါအဝင် (၃) ဦးပစ်သတ်ခံရ

ရေးမြို့မရဲစခန်းမှူးဒုရဲမှူးလှဌေးအပါအဝင် (၃) ဦးပစ်သတ်ခံရ

ရေးမြို့နယ်၊ ကျုံ လောင်းရွာသစ် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ဒီနေ့ နိုဝင်ဘာလ(၂၃) ရက်နေ့ မနက်ပိုင်းက ရေးမြို့မရဲစခန်းမှူးအပါအဝင် (၃) ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်(၈) နာရီကျော်လောက်က ရေးမြို့နယ်ဘက်ကနေ မြို့မစခန်းမှူးနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံလိုက်ရတဲ့အတွက် (၃) ဦးနေရာမှာသေဆုံးသွားပြီး ကားကိုပါ မီးရှို့သွားကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အခင်းဖြစ်ပွားရာနေရာအနီးမှာ အခြေအနေတွေရှုပ်ထွေးနေပြီး အလောင်းတွေကို တော့ ဆေးရုံယူသွားပြီဖြစ်သလို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့မှာပါလာတဲ့ လက်နက်ခဲယမ်း တွေလဲ ပျောက်ဆုံးသွားတာရှိတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး လမ်းပိတ်စစ်ဆေးတာတွေ လုပ်ဆောင် နေတဲ့အတွက် ခရီးသည်တွေအနှောင့်အယှက်ဖြစ်နေတယ်လို့ သူက ပြောပါသေးတယ်။

စခန်းမှူး အပါအဝင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာဟာ ရေးဘီလူး အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး M-16 အမျိုးအစား သေနတ်တစ်လက်ပါ သိမ်းဆည်းရမိထား တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...