ရေးမြို့မရဲစခန်းမှူးဒုရဲမှူးလှဌေးအပါအဝင် (၃) ဦးပစ်သတ်ခံရ

ရေးမြို့မရဲစခန်းမှူးဒုရဲမှူးလှဌေးအပါအဝင် (၃) ဦးပစ်သတ်ခံရ

ရေးမြို့နယ်၊ ကျုံ လောင်းရွာသစ် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ဒီနေ့ နိုဝင်ဘာလ(၂၃) ရက်နေ့ မနက်ပိုင်းက ရေးမြို့မရဲစခန်းမှူးအပါအဝင် (၃) ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်(၈) နာရီကျော်လောက်က ရေးမြို့နယ်ဘက်ကနေ မြို့မစခန်းမှူးနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံလိုက်ရတဲ့အတွက် (၃) ဦးနေရာမှာသေဆုံးသွားပြီး ကားကိုပါ မီးရှို့သွားကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အခင်းဖြစ်ပွားရာနေရာအနီးမှာ အခြေအနေတွေရှုပ်ထွေးနေပြီး အလောင်းတွေကို တော့ ဆေးရုံယူသွားပြီဖြစ်သလို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့မှာပါလာတဲ့ လက်နက်ခဲယမ်း တွေလဲ ပျောက်ဆုံးသွားတာရှိတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး လမ်းပိတ်စစ်ဆေးတာတွေ လုပ်ဆောင် နေတဲ့အတွက် ခရီးသည်တွေအနှောင့်အယှက်ဖြစ်နေတယ်လို့ သူက ပြောပါသေးတယ်။

စခန်းမှူး အပါအဝင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာဟာ ရေးဘီလူး အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး M-16 အမျိုးအစား သေနတ်တစ်လက်ပါ သိမ်းဆည်းရမိထား တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...