ကျိုက်မရော တောင်ကလေးမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

ကျိုက်မရော တောင်ကလေးမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီး-မုဒုံ ကားလမ်းပေါ် တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာ (၂၁) ရက်နေ့ မနက်(၅)နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီဘက်က မနက်ပိုင်းကနေ ညနေပိုင်းအချိန်အထိ လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်နေသလို မုဒုံမြို့နယ် ခုနှစ်ခွေတောင်ခြေမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာပါ။

သံလွင်တိုင်းမ်က ညနေ ၅ နာရီအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးထားသလို ၈ ဦးထက်မနည်း ဒဏ်ရာရှိထားတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ၊ စုစုပေါင်း ၈ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးသွားတာရှိသလို ကျေးရွာနေပြည်သူတွေ ထိခိုက်မှုတွေဟာလည်း ဆိုးရွားစွာ ဖြစ်ပေါ်နေသလို ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက် လုပ်ကိုင်ခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကလေး လှကဇိုင်း၊၊ဖနုံ၊ ကဒါ ၊ သရက်ကုန်း၊မီးသွေးကုန်း၊ ကြံတောကျေးရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို အများစုကတော့ နေအိမ်တွေမှာပဲ ပုန်းခိုးနေထိုင်နေကြပါတယ်။

စစ်ကောင်စီ တောင်ကလေးရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရဲစခန်းကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...