KNU ဖာပွန်ခရိုင်က နှစ်ပတ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး

KNU ဖာပွန်ခရိုင်က နှစ်ပတ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တို့အကြား နိုဝင်ဘာလ လဝက်အတွင်း တိုက်ပွဲပေါင်းအကြိမ်(၆၀)ကြိမ်နီးပါးဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အယောက်(၃၀)ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ(၅) ထုတ်ပြန်ပါတယ်။

အခုလ နိုဝင်ဘာ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF တပ်တွေဟာ KNLA တပ်မဟာ (၅)လက်အောက်ခံတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲပေါင်း ၅၈)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတို့ဘက်က (၃၆)ဦး သေဆုံးပြီး (၂၃)ဦး ဒဏ်ရာရရှိခဲ့တာပါ။

နှစ်ပတ်တာတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅)ဘက်က တပ်ဖွဲ့ဝင်(၃)ဦး ကျဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ အရပ်သားပြည်သူတွေရဲ့ လယ်ယာခြံမြေနဲ့ လမ်းတွေပေါ်ကို လက်နက်ကြီးဖြင့် (၂၉)ကြိမ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သလို ဖာပွန်ခရိုင်အတွင်းရှိ နေရာ (၃)နေရာထဲကိုလည်း စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်နဲ့ ဗုံးသီး(၁၂)လုံးခန့် လာရောက်ကြဲချခဲ့ပြီး နေအိမ်အဆောက်အဦးတွေ၊ ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်အရ KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုကြောင့် ဒေသခံပြည်သူ (၁၃၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရကာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက် ရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...