ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ပုလောမြို့နယ် တပို့ကျေးရွာမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းကို ပုလောကရင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၉ ရက်နေ့မှာလည်း နန်းပရုပ်ကျေးရွာနဲ့ ထမင်းမစားကျေးရွာကြားမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပြီး ကျေးရွာတွေထဲ ထပ်မံဝင်ရောက်လာကာ တပို့ကျေးရွာ၊ နန်းတောင်၊ တန်ရှင်၊ ပိတပ်ရွာတို့မှ နေအိမ်ဆယ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ကုန်ကြောင်းရေကြောင်းတွေနဲ့ ပုလောမြို့နယ်ဘက်ကို ဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေပြီး ကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေ ပြန်လည်ပစ်ခတ်နေတယ်လို့ ပုလောကရင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF) မှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲခဏရပ်နားသွားတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံ ပြည်သူတွေရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးတာ၊ အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုနှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာထဲ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရွာခံတချို့ကလည်း ဘေးလွတ်ရာ ကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပုလောမြို့နယ်မှာ နိုဝင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...