ဟုမ္မလင်းမြို့နယ်မှာ ပဲစိုက်ပျိုးရေးနေသည့်ရာသီအတွင်း ကျွဲနွားများ ခွာနာလျှာနာရောဂါဖြစ်ပွားနေ

ဟုမ္မလင်းမြို့နယ်မှာ ပဲစိုက်ပျိုးရေးနေသည့်ရာသီအတွင်း ကျွဲနွားများ ခွာနာလျှာနာရောဂါဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဟုမ္မလင်းမြို့နယ်မှာ ဆောင်းသီးနှံနဲ့ ပဲအမျိုးမျိုးစိုက်ပျိုးရာသီမှာ ကျွဲနွားများ ခွာနာလျှာနာရောဂါဖြစ်ပွားနေမှုကြောင့် လုပ်ငန်းနှောင့်နေးကြန့်ကြာမှုတွေဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

“နှစ်ရက်သုံးရက်လားမသိဘူး၊ မိုးရွာတယ် မြစ်ရေကလည်း တစ်ရက်တည်းနဲ့ကို တော်တော်လးတက်တယ်။ အဲ့မိုးရွာပြီးတဲ့နောက်ပိုင်းမှာ ကျွဲနွားတွေက ခွာနာလျှာနာဖြစ်ခဲ့တာ ၊ လွှတ်ကျောင်းထားတဲ့ ကျွဲနွားတွေက ပိုဖြစ်တယ်။ ကျွဲတွေက ဒီအတိုင်း ကျောင်းထားလို့မရဘူးဆိုတော့လွတ်ထားရတာဆိုတော့ဖြစ်တာ” လို့ ခွာနာလျှာနာ ရောဂါဖြစ်နေတဲ့ကျွဲပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

အောက်တိုဘာလကုန်ကစပြီး နိုဝင်ဘာ (၂၀) ရက်နေ့အထိ ကျွဲ၊ နွားများ ခွာနာလျှာနာ ဖြစ်ပွားနေသေး တယ်လို့လည်း သိရပါတယ်။ ပဲစိုက်ပျိုးဖို့အတွက် ထွန်ရက်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေသလို ပဲ အထွက် နောက်ကျမှာကိုလည်း စိုးရိမ်နေကြပါတယ်။

လက်ရှိမှာ ချင်းတွင်းမြစ်နဲ့ ဥရုချောင်း ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ထုံမာတဲ ၊ လိုင်မဆန်၊ ဖာနိုင်း ၊ ငေါက်စား စတဲ့ ကျေးရွာတွေက ကျွဲနွားတွေ ခွာနာလျှာနာဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

“ အခုထိဖြစ်နေတုန်းပဲ၊ ပထမခိုင်းနေတဲ့ကျွဲက မဖြစ်သေးဘူး အခုဖြစ်ခဲ့တာ နှစ်ရက်သုံးရက်ပဲရှိသေးတယ်လာဖြစ်တာက။တစ်ကောင်ပျောက်လိုက် တစ်ကောင်ဖြစ်လိုက်ပါ့။ခိုင်းကျွဲတွေဖြစ်တော့ လုပ်ငန်းက ပိုလို့နောက်ကျသွားတာ” လို့ ထုံမာတဲကျေးရွာက တောင်သူတစ်ဦးက ပြောပြပါတယ်။

ကျွဲတွေ ခွာနာကိုကုသဖို့ သစ်ခေါက်ပြုတ်ရေနဲ့ ကုသနေသလို လျှာနာအတွက် လျှောက်သီးအသုံးပြုပြီး ကိုယ်ဖာသာကိုယ် ကုသပေးနေကြတယ်လို့ဆိုပါတယ်။ ဟုမ္မလင်းမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် စက်ကိရိယာတွေထက် မိရိုးဖလာ ကျွဲနွားအသုံးပြုစိုက်ပျိုးကြပြီး တစ်မြို့လုံးအတိုင်းအတာနဲ့ ကျွဲအကောင်အရေ လေးသိန်းတစ်သောင်းကျော်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...