စစ်ကိုင်းတိုင်း ရေဘေးသင့်ဒေသခံများကို ကူညီရန် NUG က ကော်မတီ ဖွဲ့စည်း

စစ်ကိုင်းတိုင်း ရေဘေးသင့်ဒေသခံများကို ကူညီရန် NUG က ကော်မတီ ဖွဲ့စည်း

ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း အတွင်းမှ ဒေသခံများကို ကူညီရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်၍ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဖွဲ့စည်းလိုက်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနှင့် ဒီပဲယင်း စသည့် မြို့နယ် ၁၀ မြို့နယ်၌ လူဦးရေ နှစ်သိန်းကျော် ရေဘေးသင့်နေခြင်းဖြစ်သည်။

အဆိုပါ မြို့နယ် ၁၀ မြို့နယ်အတွင်း သေဆုံးသူ ၁၅ ဦးနှင့် ပျောက်ဆုံးနေသူ ၂ ဦး ရှိထားပြီး အဓိကအားဖြင့် ဒီပဲယင်းမြို့နယ်တွင် သေဆုံးသူ ၇ ဦး၊ ကောလင်းမြို့နယ်တွင် ၃ ဦး၊ ခင်ဦးမြို့နယ်တွင် ၁ ဦးနှင့် ကျန်ဒေသများ၌ လည်း သေဆုံးသူများရှိကာ ယင်း သုံးမြို့နယ်မှာ အဆိုးဝါးဆုံး ရေနစ်မြှုပ်နေကြောင်း NUG ၏ စာရင်းများ၌ ဖော်ပြထားသည်။

ရေဘေးသင့် ဒေသများသို့ မရှိမဖြစ် လိုအပ်နေသည့် အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ သောက်သုံးရေနှင့် အသက်ကယ် ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အဆိုပါ ကော်မတီသည် အရေးပေါ် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီများ၊ ထိခိုက်ဆုံးရှုံးမှုနှင့် လိုအပ်ချက်များကို စိစစ်၍ ကူညီပေးရန်၊ အကူအညီများအားလုံး မြို့နယ်တစ်ခုတည်း၌ စုပြုံကူညီမှု မဖြစ်စေရန် နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန် ရည်ရွယ်သည်။

စစ်ကိုင်းတိုင်းအတွင်း လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ဒေသအများစုကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အထက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်က ဒေသခံတစ်ဦးက “အထက်ပိုင်းမှာ ရေကြီးပြီးရင် ရေတွေက အောက်ပိုင်းကို ကျသွားလို့ကတော့ တော်တော်လေး မြှုပ်နိုင်တယ်၊ ကြောက်စရာကြီး။ ရေတွေက အောက်ပိုင်းကို ရောက်ရင် တစ်နိုင်ငံလုံး ရေဘေးဒုက္ခသည် ဖြစ်လာမှာ။ ရေတွေက အောက်ဘက်ကို ရောက်ကို ရောက်မှာပဲ။ အောက်မြန်မာပြည်ဘက်မှာလည်း မိုးတွေ ပြန်ရွာရင် အညာမှာ သေချာပေါက် ရေဘေးကြုံပြီ” ဟု ပြောသည်။

စစ်ကိုင်းတိုင်းအပြင် အခုရက်ပိုင်းအတွင်း မန္တလေးတိုင်း၌ ၁ သိန်းကျော်၊ ဧရာဝတီတိုင်း၌ ၄ သောင်းကျော်နှင့် မကွေးတိုင်း၌ ၆၀၀ ခန့်၊ မြို့နယ် ၁၅ မြို့နယ်တွင် လူဦးရေ ၄ သိန်းကျော် ရေဘေးသင့်နေကြောင်း ဩဂုတ်လ ၉ ရက်နေ့၌ NUG က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် JERC ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး NUG၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအပြင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (NUG - MoSLHA) နှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (SFUIG - MoHAREM) တို့ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...