ရခိုင်ပြည်နယ်မှာ (၆) ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်နီးပါးသေဆုံး

ရခိုင်ပြည်နယ်မှာ (၆) ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်နီးပါးသေဆုံး

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ(၂၆) ရက်ကနေ (၃၁) ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေမှာ AA တပ်ဖွဲ့ဝင်တွေလဲ အထိအခိုက်ရှိခဲ့သလို စစ်တပ်ရဲ့ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူ (၆) ဦးသေဆုံးကာ (၂၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၆) ရက်နေ့ ညနေ(၄) နာရီကျော်မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၄) ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို အောက်တိုဘာလ(၂၇) ရက်နေ့မှာတော့ ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ)နားမှာ တပ်မ (၂၂) လက်အောက်ခံ ခမရ-၂၀၉ နဲ့ ၂၁၀ ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၁) ဦးမျက်မြင်သေဆုံးပြီး ဒဏ်ရာရရှိသူ (၁၅) ဦးကျော်ရှိ ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ(၂၈)ရက်နေ့နဲ့ (၂၉) ရက်နေ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲ တွေမှာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိခဲ့တဲ့အတွက် ဘူးသီးတောင် မြို့နယ် တောင်ရွာအနီးနဲ့ မြောက်ဦးမြို့နယ်တို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ လေယာဉ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ(၃၀) ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ ဘူးသီးတောင်မြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပြီး (၃၁) ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၃) ဦးသေဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးလောက်ရှိခဲ့သလို့ အဲ့ဒီနေ့မှာ ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲကို စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...