ကယားပြည်နယ်မှာ ဆေးကုသခွင့်မရလို့ စစ်ရှောင်ပြည်သူ သေဆုံးမှု ၉၀ ထိရှိလာ

ကယားပြည်နယ်မှာ ဆေးကုသခွင့်မရလို့ စစ်ရှောင်ပြည်သူ သေဆုံးမှု ၉၀ ထိရှိလာ

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ ဆေးဝါးမလုံလောက်တာအပြင် ကောင်းမွန်တဲ့ ဆေးကုသခွင့်မရတာကြောင့် စစ်ရှောင်ပြည်သူ သေဆုံးမှု ၉၀ ထိ ရှိလာတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ထိ စစ်ရှောင်ပြည်သူ ၉၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဲဒီထဲမှာတော့ စစ်ရှောင်ပြည်သူ ၉၀ ဦးဟာ ကောင်းမွန်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရပြီး ကျန် ၇ ဦးက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ ဆိုထားပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေး၊ဝမ်းရောဂါ အပါအဝင် ရောဂါအခံရှိသူတွေမှာလည်း နေ့စဉ် သောက်နေရတဲ့ ဆေးတွေ ပြတ်လပ်တာအပြင် ကောင်းမွန်တဲ့ ဆေးကုသခွင့်ရတာကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။

ကယားပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာ ဆေးကုသပေးနေတဲ့ CDM ဆရာဝန် ဒေါက်တာရဲဇော်ကတော့ စစ်ရှောင်ပြည်သူ တွေအတွက် ဆေးဝါး ဝယ်ယူဖို့ ငွေကြေးမလုံလောက်တာ၊ ဆေးဝါးဝယ်ယူမှာလည်း စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် မသေသင့်ဘဲ သေဆုံးနေရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကယားပြည်နယ်ရဲ့ မြို့ပေါ်တွေက ဝယ်ယူလာတဲ့ ဆေးဝါးတွေကို မြို့အဝင်အထွက် နေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးနေပြီး ဆေးဝါးတွေ တွေ့ရှိရင်သိမ်းယူတာတွေ လုပ်ဆောင်နေပါတတယ်။

ကယားပြည်နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲ တွေ ကြောင့် နီးစပ်ရာ တောတောင်တွေနဲ့ စစ်ရှောင်းစခန်းတွေမှာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂ သိန်းနီးပါးထိ ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...