အာရှလမ်းမကြီးမှာ KNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ ယာဉ်နှစ်စီး မီးရှို့ဖျက်ဆီးခံရ

အာရှလမ်းမကြီးမှာ KNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ ယာဉ်နှစ်စီး မီးရှို့ဖျက်ဆီးခံရ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အာရှလမ်းပေါ်မှာသွားလာနေတဲ့ ယာဉ်နှစ်စီး မီးရှို့ခံထားရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားပြီးနောက် ယာဉ်နှစ်စီး မီးရှို့ဖျက်ဆီးခံလိုက်ရတာပါ။

မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ ပြီးခဲ့တဲ့အောက်တိုဘာ (၁၈)ရက်နေ့ကစပြီး နှစ်ဖက်တပ်တွေအကြား ထိတွေ့မှုဖြစ်ပြီးတဲ့နောက် အာရှလမ်းပိုင်းမှာ ယာဉ်အများအပြား ပိတ်ဆို့မှုဖြစ်ပွားခဲ့သလို ကော့ကရိတ်မြို့တွင်း တိုက်ပွဲအခြေအနေကြောင့် အာရှလမ်းမမှာ ခရီးသွားလာခွင့်တွေလည်း ယာယီရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။

အာရှလမ်းမပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး အရပ်သားပြည်သူ ထိခိုက်မှုနဲ့ ယာဉ်တွေမီးရှို့ဖျက်ဆီးခံနေရတဲ့ ဖြစ်စဉ်တွေမှာတော့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့အကြား အပြန် အလှန် စွပ်စွဲနေကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ပြင်းထန်စွာဖြစ်ပြီးတဲ့နောက်ပိုင်း ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ ညစဉ် ပြုလုပ်နေပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကော့ကရိတ်ဒေသခံတွေကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...