သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာ

သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်အပါအဝင် ကျေးရွာအများစုမှာ စစ်ကောင်စီတပ်က တပ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် PDF တွေကို တောနင်းရှာဖွေတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ် တောင် ပျောက်တိုက်နယ်ထဲက ကရင်ချောင်းကျေးရွာနဲ့ ကတွဲကျေးရွာထဲကို စစ်ကား ၅ စီး၊ တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံတွေအများစု ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်အိုင်၊ ကနက်သီရိကျေးရွာမှာ တပ်စွဲထားပြီး နယ်မြေရှင်းလင်းရေး၊ ပျူအင်အားစုစည်းတာနဲ့ ကနက်သီရိလှေဆိပ်မှာ ဆက်ကြေးကောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းနဲ့အတူ ကနက်သီရိလှေဆိပ်မှာ စစ်သင်္ဘောသုံးစီးကလည်း အဆင်သင့်စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်ထဲ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေသလို အောက်သရက်ချောင်း ကျေးရွာသားတစ်ဦးနဲ့ ကတွဲကျေးရွာသားနှစ်ဦးတို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတင်ဆောင်ထားတဲ့ စစ်ကားတွေ၊ မြေတင်ကားတွေနဲ့ ပျူစောထီး တွေအပါအဝင် အရပ်ဝတ်ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေလည်း သရက်ချောင်းမြို့နယ် တစ်ခုလုံးမှာ တပ်ဖွဲ့အင်အားထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...