ဖားကန့်တွင် ရဲ ၃ ဦးဖမ်းဆီးခံရ၊ တစ်ဦး ထွက်ပြေးလွတ်မြောက်

ဖားကန့်တွင် ရဲ ၃ ဦးဖမ်းဆီးခံရ၊ တစ်ဦး ထွက်ပြေးလွတ်မြောက်

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးဖမ်းဆီးခံရမှုတွင် တစ်ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ဖားကန့် PDF နှင့်နီးစပ်သူများထံမှသိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့မရဲစခန်းမှ အရပ်ဝတ်ဖြင့် ရဲ ၃ ဦးအား ဖားကန့် ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့ က ဥရုချောင်းတံတားပေါ်တွင် ဖမ်းဆီးခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသည့် ၃ဦးအနက် တစ်ဦးမှာ ရေထဲခုန်ချ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု PDF နှင့်နီးစပ်သူ ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။

“မနေ့က ဖားကန့်တံတားပေါ်မှာ ရဲ ၃ယောက်ကိုဖမ်းတာ တစ်ယောက်က တံတားပေါ်ကနေ ရေထဲကိုခုန်ချပြီး လွတ်မြောက်သွားတယ်။ အခုက ၂ယောက်ပဲမိတယ်။ ရဲ ၂ ယောက်ကို ရာထူးနဲ့ အမည်ကိုစစ်ဆေးနေတယ်”ဟုပြောဆိုသည်။

ဖမ်းဆီးခံရသည့် ရဲ ၂ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်မှုများပြုလုပ်နေကြောင်းသိရသသည်။

အလားတူ ပြီးခဲ့သော ဩဂုတ်လ ၃ ရက်နေ့တွင် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန် KBZ ဘဏ်ရှေ့တွင် ရဲမှူးကိုကိုလွင်နှင့် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံလိုက်ရပြီး ယခုလ ၁၀ ရက်နေ့တွင် ဖားကန့် မရှီကထောင်ရပ်ကွက်တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။

ထို့အပြင် ဖားကန့်ဒေသတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသော အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်ပေး ဒလန်များ မကြာခဏ ပစ်သတ်ခံရမှု ဖြစ်ပွားနေဆဲဖြစ်သည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...