ဖားကန့်တွင် ရဲ ၃ ဦးဖမ်းဆီးခံရ၊ တစ်ဦး ထွက်ပြေးလွတ်မြောက်

ဖားကန့်တွင် ရဲ ၃ ဦးဖမ်းဆီးခံရ၊ တစ်ဦး ထွက်ပြေးလွတ်မြောက်

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးဖမ်းဆီးခံရမှုတွင် တစ်ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ဖားကန့် PDF နှင့်နီးစပ်သူများထံမှသိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့မရဲစခန်းမှ အရပ်ဝတ်ဖြင့် ရဲ ၃ ဦးအား ဖားကန့် ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့ က ဥရုချောင်းတံတားပေါ်တွင် ဖမ်းဆီးခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသည့် ၃ဦးအနက် တစ်ဦးမှာ ရေထဲခုန်ချ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု PDF နှင့်နီးစပ်သူ ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။

“မနေ့က ဖားကန့်တံတားပေါ်မှာ ရဲ ၃ယောက်ကိုဖမ်းတာ တစ်ယောက်က တံတားပေါ်ကနေ ရေထဲကိုခုန်ချပြီး လွတ်မြောက်သွားတယ်။ အခုက ၂ယောက်ပဲမိတယ်။ ရဲ ၂ ယောက်ကို ရာထူးနဲ့ အမည်ကိုစစ်ဆေးနေတယ်”ဟုပြောဆိုသည်။

ဖမ်းဆီးခံရသည့် ရဲ ၂ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်မှုများပြုလုပ်နေကြောင်းသိရသသည်။

အလားတူ ပြီးခဲ့သော ဩဂုတ်လ ၃ ရက်နေ့တွင် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန် KBZ ဘဏ်ရှေ့တွင် ရဲမှူးကိုကိုလွင်နှင့် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံလိုက်ရပြီး ယခုလ ၁၀ ရက်နေ့တွင် ဖားကန့် မရှီကထောင်ရပ်ကွက်တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။

ထို့အပြင် ဖားကန့်ဒေသတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသော အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်ပေး ဒလန်များ မကြာခဏ ပစ်သတ်ခံရမှု ဖြစ်ပွားနေဆဲဖြစ်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...