ဆန်အိတ်ထဲ ကျည်ဆံသယ်ဆောင်လာသည့် အမျိုးသား စစ်ကြောရေးတွင် သေဆုံး

ဆန်အိတ်ထဲ ကျည်ဆံသယ်ဆောင်လာသည့် အမျိုးသား စစ်ကြောရေးတွင် သေဆုံး

ခရီးသည်ယာဉ်ပေါ် ဆန်အိတ်ထဲ ကျည်ဆံတင်ဆောင်လာသည့် အမျိုးသားသည် အောက်တိုဘာလ ၁၅ ရက်နေ့ ကသာစစ်ကြောင်းရေးတွင် သေဆုံးသွားပြီဟု သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင် မြစ်ကြီးနားမှ မန္တလေးဘက်သို့ ဆင်းလာသည့် တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး၏ ဆန်အိတ် ၅ အိတ်အတွင်း ကျည်ဆံများတင်ဆောင်လာသောကြောင့် အင်းတော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိပြီး အမျိုးသားကို ကသာ စစ်ကြောရေးဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

“သူတို့အစက အင်းတော်ရဲစခန်းမှာ ဖမ်းထားတာ ဟုတ်တယ်။ နောက်တစ်ရက်နေ့မှာပဲ ကသာတပ်ထဲကို ပြောင်းရွှေ့လိုက်ပြီး စစ်ဆေးကြောရေးလုပ်ရင်းနဲ့ ဆုံးသွားတယ်လို့ ကသာရဲ စခန်းဘက်ကနေ ပြောလာတယ်”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

စစ်ကြောရေးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသား၏ ကိုယ်ရေးအချက်အလက်ကို KNG သတင်းဌာနမှ သီးခြားစုံစမ်းသိရှိနိုင်ခြင်းမရှိသေးပါ။

အဆိုပါ ကျည်ဆံဖမ်းဆီးရမိသည့် တက်နေလင်းမော်တော်ယာဉ်နှင့် ယာဉ်မောင်းတို့ကို အင်းတော်ရဲစခန်းတွင် တစ်ညအိပ်ထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင် ပြန်လည်သွားလာခွင့်ပေးလိုက်ကြောင်းသိရသည်။

အင်းတော် စစ်ဆေးရေးဂိတ်တွင် ယခုလို လက်နက်ကျည်ဆံ ဖမ်းဆီးရမှုသည် ပထမအကြိမ်ဖြစ်ပြီး ထိုဂိတ်တွင် စစ်ကောင်စီစစ်သားများနှင့် ရဲတပ်သားများက သွားလာသည့် မော်တော်ယာဉ်များကို ဂိတ်ကြေးကောက်ခံနေသည့် ဂိတ်တစ်ခုလည်းဖြစ်သည်။

အလားတူ ကချင်နှင့် စစ်ကိုင်းနယ်စပ်ရှိ နန့်စီးအောင်စစ်ဆေးဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးခံရမှုမကြာခဏဖြစ်ပွားလျက်ရှိနေပါသည်။

Photo - အင်းတော်နဲ့ မော်လူးကြားတွင်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခု

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...