နောင်မွန်တွင် CDM ထွေအုပ်ဝန်ထမ်း ၁ ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံး

နောင်မွန်တွင် CDM ထွေအုပ်ဝန်ထမ်း ၁ ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံး

ပူတာအိုခရိုင် နောင်မွန်မြို့မှ CDM ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်အာဏာမသိမ်းမှီ ပန်နန်းဒင်မြို့ ထွေအုပ်ရုံးတွင် အကြီးတန်းစာရေးတာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ထားသည့် နောင်မွန်မြို့ အမှတ် ၅ ရပ်ကွက်မှ ဦးခေါင်လန်ခင်ဂျောင်သည် ပန်နန်းဒင်းဘက်ရေခဲတောင်တွင် ဘေချီဥထွက်ရှာသွားရာမှ အောက်တိုဘာ ၇ ရက်နေ့က ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးသွားကြောင်း သေဆုံးသူနှင့်ရင်းနှီးသည့် နောင်မွန်မြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

''သူတို့သူငယ်ချင်းအဖွဲ့တွေနဲ့သွားလိုက်တာ နှစ်ပတ်လောက်တော့ရှိပြီ အဲ့တာမနေ့ကတော့အိုင်ကွန်နဲ့ ဖုန်းဆက်လာတယ်။ ဦးခေါင်လန်ခင်ဂျောင်က ကျောက်ကမ်းပါးကနေ ပြုတ်ကျပြီးဆုံးသွားပြီးဆိုပြီးဆက်လာတယ်။ သူတို့နဲ့တက်သွားတဲ့ အဖွဲ့တွေကလည်း ပြန်လာနေပြီသူ့ကိုတော့ တောင်ပေါ်မှာပဲသဂြိုလ်လိုက်ပြီးဒီမှာတော့ဆုတောင်းပွဲပဲလုပ်ပေးတော့မှာ''ဟု ပြောသည်။

ဘေချီဥရှာရင် ပြုတ်ကျသေဆုံးသည့် ဦးခေါင်လန်ခင်ဂျောင်သည် အောက်တိုဘာလ ၇ ရက်နေ့ ပြုတ်ကျသေဆုံးခဲ့သော်လည်း ဆက်သွယ်ရေး ဖုန်းလိုင်းအခက်ခဲကြောင့် သေဆုံးပြီး တစ်ပတ်ကြာ အောက်တိုဘာလ ၁၃ ရက်နေ့မှ မိသားစုဝင်များသိရကြောင်း ၎င်းကဆက်ပြောသည်။

ဦးခေါင်လန်ခင်ဂျောင်သည် CDM ပြုလုပ်ခဲ့ပြီးနောက် အလုပ်အကိုင်ရှားပါးမှုနှင့် မိသားစုစားဝတ်နေရေးအခက်အခဲများကြောင့် ဘေချီဥထွက်ရှာစဥ် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဘေချီဥသည် ပူတာအိုရေခဲတောင်ဒေသ၌ စက်တင်ဘာလမှ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းအထိထွက်ရှိပြီး လက်ရှိပေါက်စျေးမှာ နောင်မွန် ဒေသတွင် တစ်ပိသာလျှင် ကျပ် ၆ သိန်းအနည်းဆုံးရပြီး ပူတာအိုမြို့ပေါ်တွင် တစ်ပိသာ ကျပ်ဆယ်သိန်းနီးပါးအထိ ရှိသည့်အတွက် ဒေသခံများက အသက်နဲ့ရင်း၍ ရှာဖွေနေကြကြောင်း သိရသည်။

အဆိုပါ ဘေချီဥကိုတရုတ်နိုင်ငံက ဝယ်ယူနေကြောင်းသိရပြီး ယခုနှစ်စီးပွားဖြစ်စတင်ရောင်းချလာကြောင်းဒေသခံက ပြောသည်။

လွန်ခဲ့သည် စင်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ပူတာအိုမြို့နယ်ဂျူဗလီကျေးရွာမှ ဦးမဖန်းခင်တန်၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် မလိခွမ်ကျေးရွာမှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးတို့ ဘေချီဥရှာရင်းပြုတ်ကျသေဆုံးခဲ့သောကြောင့် ယခုနှစ်တွင် စုစုပေါင်းသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဘေချီဥရှာရင်း ကမ်းပြုတ်ကျသေဆုံးသည့် တည်နေရာ Crd

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...