ဖားကန့်မြို့ နယ်ထိန်းတစ်ဦး သေနတ်ပစ်သတ်ခံရ

ဖားကန့်မြို့ နယ်ထိန်းတစ်ဦး သေနတ်ပစ်သတ်ခံရ
ဖားကန့် မရှီကထောင်ရပ်ကွက်တွင် ပစ်သတ်ခံလိုက်ရသည့် ဦးသိန်းနိုင်ဦး
ဖားကန့် မရှီကထောင်ရပ်ကွက်တွင် ပစ်သတ်ခံလိုက်ရသည့် ဦးသိန်းနိုင်ဦး

ဖားကန့်တွင် ယနေ့ နံနက်ပိုင်း ၉နာရီခွဲဝန်းကျင်ခန့်တွင် နယ်ထိန်းတစ်ဦး သေနတ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသူသည် အသက် ၃၀နှစ်အရွယ်ရှိ ဦးသိန်းနိုင်ဦးခေါ် သူ ဖားကန့်မြို့  နယ်ထိန်းတစ်ဦးဖြစ်ပြီး အိမ်စီးကားဖြင့် မရှီကထောင်ဘက်သို့ မောင်းနင်းလာစဉ် SKY NET ဘေလ်ဆောင်ရုံးအနီးတွင် သေနတ်ပစ်သတ်ခံလိုက်ရသည်ဟု အေးမြသာယာရပ်ကွက် အမျိုးသားတစ်ဦးက KNG “SKY NET ဘေလ်ဆောင်တဲ့ရုံးရဲ့ လမ်းဟိုဘက်ခြမ်းမှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်။ သေနတ်ကတော့ တစ်ချက်ပဲထိသွားတယ် ဒါပေမယ့် နယ်ထိန်းရဲ့ ရင်ဘတ်တစ်မှာဖောက်ဝင်သွားတော့ ပွဲချင်းပြီးပဲ နေရာမှာတင် ဆုံးသွားတယ်။ နောက်ပြီး သူ့ရဲ့ကားပါလုထွက်သွားတယ် အလောင်းပဲကျန်ခဲ့တာ”ဟုပြောသည်။

နယ်ထိန်း ဦးသိန်းနိုင်ဦးသည် ယခင်ကတည်းက ဖားကန့် နယ်ထိန်းတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခုနှစ်အတွင်းမှ ဖားကန့်ရဲစခန်းက တာဝန်မှ ခေတ္တအနားပေးခံရသည့်သူတစ်ဦး လည်းဖြစ်သည်။

“အရင်တုန်းကတော့ နယ်ထိန်းလုပ်တာဟုတ်တယ်။ ဒီရက်ပိုင်းနည်းနည်းလွန်ထားတာရှိတော့ သူ့လူအချင်းချင်းတိုင်တန်းတာတွေရှိလို့ သူ့ကိုပြန်ချုပ်ထားတာ ဟုတ်တယ်။ ချုပ်ထားတယ် ဆိုပေမယ့် အပြင်မသွားနဲ့ ဘာညာပေါ့ စောင့်ကြည့်နေတဲ့ အနေအထားမှာပဲ အခုက သတ်ခံလိုက်ရတာဟုတယ်။ ဘယ်သူ ဘယ်ဝါလုပ်ကြံသွားတယ်ဆိုတာက ခန့်မှန်းကရခက်တယ်”ဟု ဖားကန့်ရဲစခန်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ထပ်မံပြောဆိုထားသည်။

ဦးသိန်းနိုင်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး မည်သူ့လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်သွားကိုသည်ကို အသေးစိတ်မသိရှိရသေးဘဲ စစ်ဆေးစုံစမ်းလျက်ရှိနေကြောင်းသိရသည်။

လက်ရှိတွင် ဦးသိန်းနိုင်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းမှ လာရောင်သယ်ယူသွားပြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်ဒေသတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၁နှစ်ကျော်ခန့်အကြာတွင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ မကြာခဏသတ်ဖြတ်ခံရမှု ဖြစ်ပွားလျက်ရှိနေပါသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...