ထားဝယ် ပကာရီရဲစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

ထားဝယ် ပကာရီရဲစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီ ပကာရီရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီ ပကာရီရဲစခန်းကို စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၁၃ ချက်ထက်မနည်း သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ၊ လက်နက်ငယ်တွေ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ် အင်အား ၄၀ လောက်ဟာ ပကာရီရဲစခန်းထဲကို စက်သေနတ်တွေ တင်ထားတဲ့ ကားတွေနဲ့အတူ စစ်ကူလာပေးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပကာရီရဲစခန်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လာရောက် တိုက်ခိုက်ပြီးနောက် စခန်းကိုပါ မီးရှို့ခဲ့တာပါ။

အဲဒီနောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်ဟာ ပကာရီရဲစခန်းမှာ လာရောက် တပ်စွဲ နေထိုင်နေတာ ဖြစ်ပါတယ်။

ထားဝယ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာပါ။

July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...