သတင်းထောက် နောင်ရိုး အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ ၁၂ ဦး လွတ်မြောက်လာ

သတင်းထောက် နောင်ရိုး အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ ၁၂ ဦး လွတ်မြောက်လာ
သတင်းထောက် နောင်ရိုး
သတင်းထောက် နောင်ရိုး

အာဏာသိမ်းစစ်တပ် မတရားဖမ်းဆီးခဲ့သော ဖားကန့်မြို့ အခြေစိုက် သတင်းထောက် ကိုနောင်ရိုးအပါဝင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရသူ ၁၂ ဦး ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ဖားကန့် လုံးခင်းအုပ်စု မဇွပ်ယာန်အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ လွတ်မြောက်လာသည့် ၁၂ ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံရသူများဖြစ်ကြပြီး ပြစ်ဒဏ်ကာလရက်ပြည့်သဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု လွတ်မြောက်လာသူ ကိုနောင်ရိုးက KNG ကိုပြောသည်။

“ကျနော်အပါ အားလုံး ၅၀၅ (က) တွေကြီးပဲ လွတ်လာတယ်။ အမျိုးသား ၁၁ ယောက် အမျိုးသမီး ၁ ယေက်ပါ။ ကျနော်တို့ အားလုံးက ပြစ်ဒဏ်ကာလ တစ်နှစ်ခွဲစီချမှတ်ခံရတဲ့သူတွေဟုတ်တယ်။ အခုလွတ်လာမြောက်လာတာလည်း ပြစ်ဒဏ်ကာလ ရက်စေ့ပြီး လွတ်လာကြတာပါ” ဟု ပြောဆိုသည်။

လက်ရှိ ဖားကန့်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် သူများကိုလည်း အမြန်ဆုံး လွတ်မြောက်ပေးရန် သတင်းထောက်ကို နောင်ရိုးက တောင်းဆိုသည်။

ယနေ့ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ၁၂ ဦးမှာ ကိုနောက်ရိုးအပါအဝင် မမုံကျေးရွာတွင် ညလုံခြုံရေးဂိတ် ထားရှိမှုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသား ၁၀ ဦး၊ လုံးခင်းရွာမှ ရာစုသစ် လက်ဖက်ရည်ဆိုင်မှ အမျိုးသမီးတစ်ဦး တို့ဖြစ်ကြသည်။

လွတ်မြောက်လာသည့် ၁၂ ဦးကို အမှုစစ်ဆေးသည့် ၁ နှစ်ခန့်အကြာ ဖားကန့်အချုပ်ထဲတွင် ထားရှိပြီး ယခုနှစ် မတ်လတွင် ပြစ်ဒဏ်ကာလ တစ်နှစ်ခွဲချမှတ်လိုက်သည့်နောက်ပိုင်း မဇွပ်ယာန် အကျဉ်းထောင်တွင် ၅ လခန့် အကြာ အကျဉ်းကျခံရပြီး လွတ်မြောက်လာခြင်းဖြစ်သည်။

သတင်းထောက် ကိုနောင်ရိုးကို စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် သတင်းသွားယူနေစဉ်တွင် ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုသည့်အပြင် သူစီးနင်းသည့် ဆိုင်ကယ်သည် လိုင်စင်မဲ့ဖြစ်ကြောင်း ပုဒ်မ ၂ ခုဖြင့် တရာစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ မဇွပ်ယာန်အကျဉ်းထောင်အတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ ၂၀ ဦးခန့် ကျန်ရှိနေသေးပြီး ၎င်းတို့မှာ မကြာခင် လွတ်မြောက်လာဖွယ်ရှိသည်ဟု သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...