ပုလောမြို့နယ် KNU ထိန်းချုပ်ဒေသမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်း အဝင်မခံဖို့ အမိန့်ထုတ်

ပုလောမြို့နယ် KNU ထိန်းချုပ်ဒေသမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်း အဝင်မခံဖို့ အမိန့်ထုတ်

တနင်္သာရီတိုင်းဒေသကြီး၊ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပုလောမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေ မလုပ်ကြဖို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က စက်တင်ဘာ ၂၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

KNU ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးဂိတ်တွေ ဖြတ်သန်းရာမှာ မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေ မလုပ်ဖို့နဲ့ စစ်ဆေးမှုတွေကိုလည်း ကြည်ဖြူစွာခံယူဖို့ စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ရေးဂိတ်ကို ဖြတ်သန်းရာမှာလည်း အရှိန်လျော့မောင်းဖို့၊ ကားတံခါးမှန်ချမောင်းတာ၊ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ ခရီးသည်တွေကို အဝေးကနေ မြင်သာအောင်စီမံထားဖို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တာဝန်ရှိသူတစ်ဦးကတော့ စစ်အာဏာသိမ်းပြီးနောက် ပုလောမြို့နယ်အတွင်း မူးယစ်ဆေးဝါး ပိုမို ပျံ့နှံ့လာတာနဲ့ စစ်ကောင်စီကုန်ပစ္စည်းတွေ ဝယ်သုံးစွဲတာဟာ ပြည်သူတွေကို သတ်ဖြတ်ဖို့ ကျည်ဆံဖိုးပေးနေတဲ့အတွက် ရောင်းဝယ်သုံးစွဲတာတွေ မပြုလုပ်ကြဖို့ သတိပေးရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို ဒေသခံပြည်သူတွေအနေနဲ့ လိုက်နာပူးပေါင်းဆောင်ရွက်ပေးကြဖို့ မလိုက်နာပါက မလိုက်နာသူရဲ့ တာဝန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေ ပုလောမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား မကြာခဏ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...