မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နေ့စဉ်နီးပါးလူပြည့်နေပြီး လူငယ်အများဆုံးဖြစ်နေ

မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နေ့စဉ်နီးပါးလူပြည့်နေပြီး လူငယ်အများဆုံးဖြစ်နေ

မြစ်ကြီးနားမြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ Passport လာရောက်ပြုလုပ်သူ နေ့စဉ်နီးပါးပြည့်နေပြီး အများစုက လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော် Passport သက်တမ်းတိုး သွားတာ သုံးရက်ရှိပြီလူများလို့မတိုးနိုင်ဘူး၊ ဝိုင်းမော်အနေနဲ့တော့ ရှမ်းများပါတယ်” လို့ ဝိုင်းမော်မြို့နယ်က ရှမ်းလူငယ်တစ်ဦးက ပြောပြပါတယ်။ ဒီရုံးမှာ နိုင်ငံကူးလက်မှတ် (Passport) လုပ်ဖို့အတွက် မနက် ၃ နာရီကတည်းက တန်းစီစောင့်ဆိုင်းနေကြတာလို့ဆိုပါတယ်။

Passport စာအုပ်လုပ်ပြီးရင် လူငယ်အများစုက ထိုင်း ၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကိုးရီးယား နှင့် ယူအေအီး စတဲ့ နိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်ကြမှာလို့ လူငယ်တွေရဲ့ မိသားစုဝင်တွေ ပြောဆိုကြပါတယ်။

“ တော်တော်လေးကိုများတယ်။ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်ကိုသွားကြတယ်။ ရွာထဲမှာ လူငယ်တွေကိုမရှိတော့ဘူး၊ နိုင်ငံရေးကအခြေအနေမကောင်း ၊ ပညာရေးက ကောင်းကောင်းမွန်မွန်မသင်ရ ၊ စီးပွားရေးကမကောင်းဆိုတော့ နိုင်ငံခြားကိုထွက်ပြီး ငွေရှာကြတာ” လို့ ဝိုင်းမော်မြို့နယ်ခတ်ချိုဒေသခံတစ်ဦးက ပြောပြပါတယ်။

Passport စာအုပ်လုပ်တဲ့ရုံးမှာ တစ်ရက်ကို လူ နှစ်ရာအထက်ရှိပြီး တစ်ရက်ထက်တစ်ရက် လာရောက်လုပ်သူတွေများနေတယ်လို့ လေးရက်ဆက်တိုက် စာအုပ်လုပ်ဖို့ တန်းဆီလုပ်နေသူတစ်ဦးက ပြောပြပါတယ်။

မြစ်ကြီးနားမြို့နည်းတူ ပြည်နယ်နဲ့ တိုင်းဒေသက နိုင်ငံကူးလက်မှတ်ထုတ်ပေးကြတဲ့ ရုံးတွေမှာလည်း Passpost လုပ်သူ နေ့စဉ်ရာနှင့်ချီတန်းစီးစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Passpost ရုံး ၂၀ ရှိပြီး ရန်ကုန်မြို့အတွက် အွန်လိုင်းကနေ ရက်ချိန်းစနစ်နဲ့ လုပ်ဆောင်နေရကြောင်း သိရပါတယ်။

February 13, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို မြို့နယ်ပကဖ...
February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...