မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော် ထပ်တိုးလာသဖြင့် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော် ထပ်တိုးလာသဖြင့် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ
Photo - ပုံဟောင်းအသုံးပြုထားသည်
Photo - ပုံဟောင်းအသုံးပြုထားသည်

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့်ဝင်ရောက်လာသောကြောင့် မြို့အနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။

စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုးမောက်မြို့နယ် ခါနန်ကျေးရွာ၊ မြို့သစ်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်လာကြောင်း မိုးမောက်မြို့ ခါနန်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

''ဗန်းမော်ကနေတော့ကားနဲ့လာပြီး မိုးမောက်ကနေတော့ဒီဘက်ကို ခြေလျှင်နဲ့တက်လာတာဟုတ်တယ်။ မိုးမောက်မြို့ထဲမှာတော့ မရှိဘူး။ မိုးမောက်နဲ့ နီးတဲ့ရွာတွေဘက်မှာ အဓိကခါနန်ဘက်ကိုထိုးနေတာ ဒီနေ့ထိသိရတာတော့ စစ်ကြောင်းနှစ်ကြောင်းထိုးနေတာ ခါနန်ဘက်တစ်ကြောင်း နောက်တစ်ကြောင်းကတော့တောထဲဝင်သွားတယ်။ တောထဲ ဝင်သွားတဲ့စစ်ကြောင်းက အင်အားများတော့ နှစ်ကြောင်းခွဲရင်လည်း ခွဲနိုင်တယ်'' ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။

ခါနန်ဘက်တွင် အင်အား ၈၀ ခန့် ဝင်ရောက်သွားပြီး ခါနန်အနီးတစ်ဝိုက်တောဘက်တွင် အင်အား ၁၂၀ ခန့် ဝင်ရောက်နေကြောင်း သိရသည်။

''ခါနန်ဘက်မှာ KIA နေရာယူထားတာကြာပြီလေ။ အခုက စစ်ကောင်စီက သူတို့ဘက်ကပြန်ပြီး နယ်မြေ စိုးမိုးချင်လို့ ပြန်ဝင်လာတာပဲနေမှာ တိုက်ပွဲ ပြင်းထန်လာမှာကိုတော့ တကယ်စိုးရိမ်တယ်ဗျ။ ဒီကလူတွေကတော့ အထုပ်အပိုးအသင့် အနေထားနဲ့ သတိရှိရှိသွားလာနေကြတယ် ။ ရွာပြင်ခပ်ဝေးဝေးတောင်မသွားရဲကြဘူး'' ဟု ခါနန်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ စသည့်နယ်မြေများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ဖြင့် နယ်မြေချင်းဆက်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော အလော့ဘွမ်တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟု သိရသည်။

ထို့နောက် မိုးမောက်မြို့နယ်အတွင်း မြို့သစ်၊ ကုန်းလော၊ စီဟက် နှင့် မိုးမောက်မြို့ပြင်အနီးတစ်ဝိုက်တွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...