နောင်မွန်တွင် ရေကြီးမှုကြောင့် လယ်စပါး ဧက၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

နောင်မွန်တွင် ရေကြီးမှုကြောင့် လယ်စပါး ဧက၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့
ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်သောကြောင့် ဒေသခံပြည်သူများ လယ်စပါးများ ပျက်စီးသွးသည့်မြင်ကွင်း
ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်သောကြောင့် ဒေသခံပြည်သူများ လယ်စပါးများ ပျက်စီးသွးသည့်မြင်ကွင်း

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ၏ လယ်စပါးဧက ၂၀ ကျော်အထိ ပျက်ဆီး ဆုံးရှံးခဲ့သည်ဟု စုံစမ်း သိရှိရသည်။

နောင်မွန်မြို့  မလိခမြစ်လက်တက်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်မွန်မြို့ပေါ် ၊ ရပ်ဘော့ကျေးရွာနှင့် ပါဘော့ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လယ်စပါး ဧက ၂၀ ကျော်ခန့် ပျက်ဆီးဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ပျက်စီးတာက နောင်မွန်းမြို့ပေါ်က လယ်တွေနဲ့ ရနမ်‌ချောင်းဘက်က ရွာတွေရဲ့လယ်တွေပျက်စီးသွားတယ်။ အများပိုင်းကတော့ ရေကြီးလို့ ရေလွှမ်းမိုးလို့ မြေကြီးတွေဖုံးသွားတာ။ စပါးပင်တွေ ခဲလုံးတွေ ဖုံး သွားတာပေါ့။ ပျက်စီးသွားတဲ့ စပါးပင်တွေကနဂိုအတိုင်းတော့ပြန်မရနိုင်လောက်တော့ဘူး။ အရမ်းကြီး ပျက်စီးသွားတာပြီးတော့ အခုက ၉ လပိုင်းဆိုတော့ ပြန်စိုက်လို့လည်း မရတော့ဘူး'' ဟု နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပျက်စီးသွားသည့် လယ်ဧက ၂၀ ကျော်သည် နောင်မွန်မြို့ပေါ်မှ သုံးပုံနှစ်ပုံခန့်ပါဝင်ပြီး ၊ ရပ်ဘော့ရွာနှင့် ပါဘော့ကျေးရွာမှ လယ်များပါဝင်ခဲ့သည်။ မလိခမြစ် ကမ်းဘေး နှင့် မလိခမြစ်လက်တက် ရနမ်ချောင်းဘေးတစ်လျှောက်ရှိ လယ်မြေများလည်း ပျက်စီးမှုတွင် ပါဝင်ခဲ့သည်။

“မိုးကတော့ နောင်မွန်မြို့ထဲမှာတော့ ဒီနေ့ထိလည်းရွာနေတုန်းပဲ။ ဒါပေမယ့်ရေက မနေ့ကတည်းက ကျသွားပြီ။ တောင်ကျ ချောင်းရေ ကြီးတာဆိုတော့ ချောင်းဖျားမှာ မိုးမရွာတော့လို့ရေကျတာ။ မြို့တွင်းဘက်တော့ ရွာနေတုန်း ရေးဘေးသင့်တွေကတော့ နေအိမ်ပြန်ကုန်ကြပြီ'' ဟု နောင်မွန် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် စက်တင်ဘာလ ၃ ရက်နေ့က နောင်မွန် အမှတ် (၂) ရပ်ကွက် မှ အိမ်ထောင်စု ၁၂ စု နှင့် ရပ်ဘော့ ကျေးရွာမှ အိမ်ထောင်စု ၂၀ ကျော်အထိ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ယမန်နေ့ ကတည်းက ရေကျသွားသောကြောင့် ဒေသခံအချို့ နေအိမ်ပြန်ရောက်နေပြီဟု သိရသည်။

နောင်မွန်တွင် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ရေကြီးရေလျှံမှုတစ်ကြိမ် ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ၏ လယ်စပါးခင်းအများအပြား နှင့် လမ်းတံတားများ ပျက်ဆီးခဲ့သည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...