စစ်သားသစ်စုဆောင်းခြင်းတွေကို ယာယီရပ်နားထားမယ်လို့ RCSS/SSA ဆို

စစ်သားသစ်စုဆောင်းခြင်းတွေကို ယာယီရပ်နားထားမယ်လို့ RCSS/SSA ဆို

ဒေသခံတွေဆီကနေ စစ်သားသစ်ကောက်ယူခြင်းတွေကို ယာယီရပ်နားဖို့ RCSS/SSA က သူရဲ့ တပ်ဌာနအသီးသီးကို စက်တင်ဘာလ (၃) ရက်နေ့ကစပြီး ညွှန်ကြားထားတယ်လို့ သိရပါတယ်။

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျှန်းကနေ  စက်တင်ဘာ (၃) ရက်နေ့ကစ စစ်သားသစ်ကောက်ယူမှုတွေကို ချက်ခြင်းရပ်ဆိုင်း ထားရမယ်ဆိုပြီး ဒု ဥက္ကဌ (၂) နဲ့ စစ်ဦးစီးချုပ်- စဝ်ခေးငင်း က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာလို့ Tai Freedom က ရေးသားထားပါတယ်။

လက်ရှိကာလမှ ဒေသခံတွေက အဘက်ဘက်ကနေ အခက်အခဲ မျိုးစုံကြုံတွေ့ရနေရပြီး လက်နက်ကိုင် အသီးသီးရဲ့ ဖိနှိပ်မှုတွေကိုလည်း ခံနေရတယ် လို့ဆိုပါတယ်။

ဒီလိုဒဏ်တွေကို မခံနိုင်ကြတဲ့ ဒေသခံအများအပြားဟာ သူတို့တွေရဲ့ ပိုင်ဆိုင်တဲ့ နေအိမ် ၊ကျွဲနွားတွေကို ရောင်းချပြီး နေရပ်စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင် ပြီး အသက် မွေးနေ ကြတယ်လို့ RCSS/SSA က ဆိုပါတယ်။

ဒေသခံတွေ အေးအေးချမ်းချမ်း အသက် မွေးဝမ်းကြောင်း အတွက် ရှာဖွေ စားသောက်နိုင်ဖို့အတွက် စစ်သားသစ်စုဆောင်းတာကို ရပ်တန့်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်သားသစ်တွေကို ကောက်ယူခြင်းမပြုပေမယ့် စိတ်စေတနာနဲ့ တာဝန်လာထမ်းဆောင်မယ့် သူတွေကို လက်ခံမယ်လို့ RCSS/SSA ၏ ယုံကြည်ရသော သတင်းရင်းမြစ်ကနေ သိရပါတယ်။

RCSS/SSA ကရှမ်းပြည်မြောက်ပိုင်းကနေ ပြန်ဆုတ်ခွာလာပြီးတဲ့နောက် တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ကျလာကာ တောင်ပိုင်းဒေသတချို့မှာ တိုက်ပွဲအနည်းအကျည်း SSPP/SSA ၊ TNLA တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...